THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • မူလစာမျက်နှာ services အထည်အလိပ်ကုန်စည်များအတွက် အကောက်ခွန်သက်သာခွင့်နှင့်မဆိုင်သည့် ပင်ရင်းနိုင်ငံသက်သ...

အထည်အလိပ်ကုန်စည်များအတွက် အကောက်ခွန်သက်သာခွင့်နှင့်မဆိုင်သည့် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Non-preferential Certificate of Origin Form B) ထုတ်ပေးခြင်း


Fri 10-02-2023

အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်းအနေဖြင့် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ တင်ပို့လျက် ရှိသော အထည်အလိပ်ကုန်စည်များအတွက်သာ အကောက်ခွန်သက်သာခွင့်နှင့် မဆိုင်သည့် ပင်ရင်း နိုင်ငံ သက်သေခံလက်မှတ်(Non-preferential Certificate of Origin Form B) ထုတ်ပေးခြင်းကို တာဝန်ယူဆောင်ရွက်ခြင်း ဖြစ်ပါသည်။

ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်(Non-preferential Certificate of Origin Form B) လျှောက်ထားရာတွင် CO Form အား ဖျက်ရာပြင်ရာ မပါရှိဘဲ အင်္ဂလိပ်ဘာသာဖြင့် ပြည့်စုံစွာ ဖြည့်စွက်၍ အောက်ဖော်ပြပါ စာရွက်စာတမ်းများကို ပူးတွဲတင်ပြရမည် ဖြစ်ပါသည်-

  (က)  သက်မှတ်ထားသည့် CO Form B ပုံစံ
  (ခ) သင်္ဘောတင်ပြီးကြောင်း အထောက်အထားမိတ္တူ(Bill of Loading Copy)
  (ဂ) အရောင်းပြေစာမိတ္တူ(Invoice Copy)
  (ဃ) ပါဝင်သည့် ပစ္စည်းစာရင်း(Packing List)
  (င) ပို့ကုန်ကြေငြာလွှာ(မူရင်းနှင့်မိတ္တူ)(Export Declaration Origin and Copy)
  (စ)  အရောင်းအဝယ်စာချုပ်မိတ္တူ(Sales Contract Copy)
  (ဆ) မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ ထောက်ခံချက်

ဆက်သွယ်ရန်လိပ်စာ
ဌာနအမည်                     -    အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း
ဖုန်းနံပါတ်                     -    ၀၆၇-၃၄၀၈၃၃၈၊ ၃၄၀၈၁၈၅၊ ၃၄၀၈၀၇၀
အီးမေးလ်လိပ်စာ            -    textile.planning@gmail.com
Fax                               -     ၀၆၇-၃၄၀၈၃၃၈
လိပ်စာ                          -    ရုံးအမှတ်(၃၇)၊စက်မှုဝန်ကြီးဌာန၊ နေပြည်တော်။




Top