မြန်မာ့ဆေးဝါးလုပ်ငန်း စိတ်ဝင်စားမှုတင်ပြခြင်း လျှောက်လွှာခေါ်ယူခြင်း (Expression of Interest Invitation)

By: 

စက်မှုဝန်ကြီးဌာန
မြန်မာ့ဆေးဝါးလုပ်ငန်း
စိတ်ဝင်စားမှုတင်ပြခြင်း လျှောက်လွှာခေါ်ယူခြင်း
(Expression  of  Interest  Invitation)
    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ အောင်ပန်းမြို့မှ(၇)မိုင်၊ ဟဲဟိုးမြို့မှ(၅)မိုင် အကွာ တောင်ကြီး-မိတ္ထီလာကားလမ်းဘေး မိုင်တိုင်(၈၈/၁)ရှိ ရုံးဝင်းကွက်၊ စိုက်ကွက်အမှတ်(၂)မြေနေရာများ တွင် ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လိုပါသဖြင့် စိတ်ပါ ဝင်စားသော ပုဂ္ဂလိကလုပ်ငန်းရှင်များကို ထပ်မံဖိတ်ခေါ်အပ်ပါသည်-
၁။ ရုံးဝင်းကွက် - ၈၈.၁၆  ဧက(အဆောက်အဦများအပါ)
၂။ စိုက်ကွက်အမှတ်(၂) - ၁၂၂.၅၇ ဧက
  လျှောက်လွှာစတင်ရောင်းချမည့်ရက်နှင့်အချိန် - ၁၇-၈-၂၀၁၈ (၀၉:၃၀)နာရီ
  လျှောက်လွှာပိတ်မည့်ရက်နှင့်အချိန် - ၃၁-၈-၂၀၁၈ (၁၆:၀၀)နာရီ
  လျှောက်လွှာပေးသွင်းရမည့်နေရာ - ဥက္ကဌ၊ တင်ဒါလက်ခံရေးနှင့်စိစစ်ရေး
      ကော်မတီ၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊
      စက်မှုဝန်ကြီးဌာန၊
      ရုံးအမှတ်(၃၇)၊ နေပြည်တော်။

အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါလိပ်စာတွင် ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

စီမံရေးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း
စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇)
ဖုန်း - ၀၆၇-၃၄၀၈၃၇၀
ဖက်စ်- ၀၆၇ - ၃၄၀၈၁၉၅