Capacity Development Training for Selected Staff Member of the SME Agencies သင်တန်းဖွင့်ပွဲ အခမ်းအနားသတင်းမှတ်တမ်း

By: 

၂၀၁၈ ခုနှစ် အောက်တိုဘာ (၁၅)
     တိုင်းဒေသကြီးပြည်နယ်များမှ SMEs Agency Member များ စွမ်းဆောင်ရည်မြင့်မားစေရန်၊ ဥပဒေနှင့်အညီ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်၊မတူညီသည့်ပုဂ္ဂလိကလုပ်ငန်းများ၏ အခန်းကဏ္ဍနှင့်လုပ်ငန်းတာဝန်များကို ပိုမိုသိရှိစေရန်၊ တိုင်းဒေသကြီး/ပြည်နယ် SMEs Agency Member များ၏တာဝန်ဝတ္တရား၊ ဆောင်ရွက်ရမည့်ကဏ္ဍများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်၊ SMEs များအကြား ဈေးကွက် ချိတ်ဆက်မှု ဆိုင်ရာ ဗဟုသုတများရရှိစေရန်၊ SMEs Agency Member များ အဖွဲ့ဝင်များမှ ဦးဆောင်အကောင်အထည်ဖော်ရမည့် Action Planများ ကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ သင်တန်းအား (၁၅.၁၀.၂၀၁၈) မှ(၁၈.၁၀.၂၀၁၈)ရက်နေ့တွင် ပထမအကြိမ်ကိုလည်းကောင်း၊ (၁၈.၁၀.၂၀၁၈)မှ(၁၉.၁၀.၂၀၁၈)ရက်နေ့တွင် ဒုတိယအကြိမ်ကိုလည်းကောင်း ကျင်းပမည်ဖြစ်ပြီး ပထမအကြိမ် သင်တန်းကို ကမ္ဘာအေးဘုရားလမ်း RENO ဟိုတယ်တွင် ဂျာမနီနိုင်ငံ GIZ အဖွဲ့အစည်းနှင့်ပူးပေါင်း၍ ကျင်းပဖွင့်လှစ်ခဲ့ပါသည်။
      အဆိုပါ သင်တန်းဖွင့်ပွဲ၌ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဒေါ်အေးအေးဝင်းမှ "SMEs များဖွံ့ဖြိုးတိုးတက်ပြီး SMART SMEs များ ဖြစ်လာစေရန်အတွက် SMEs များ၏အခက်အခဲများ၊ ပြဿနာများကို ဖြေရှင်း၍ မူဝါဒပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတတ်စေရန်အတွက် အလေးအနက်ထား ဆောင်ရွက်ပေးနေပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်စေရန်၊ အမျိုးသမီးနှင့်လူငယ်များအပါအဝင် အားလုံးပါဝင်သည့် လုပ်ငန်းများဖြစ်ထွန်းလာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်း ပေါ်ပေါက်လာစေရန်အတွက် Institution များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှုတို့မှာ အလွန်အရေးကြီးပါကြောင်း၊ Regional SMEs Agency ဌာနများအနေဖြင့် လူ့စွမ်းအားဖွံ့ဖြိုးတိုးတတ်ရေး၊ အသိပညာဖွံ့ဖြိုးတိုးတတ်ရေး၊ ငွေကြေးအထောက်အပံ့များပိုမိုတိုးချဲ့ရရှိစေရေးစသည့်အမျိုးမျိုးသော Activities များကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ တိုင်းဒေသကြီးပြည်နယ်အဖွဲ့ဝင်များ စွမ်းဆောင်ရည်မြင့်မားလာပြီး ဥပဒေနှင့်အညီ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် အတွက် အကောင်အထည် ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများကို ထိထိရောက်ရောက် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်အတွက် ယခု သင်တန်းအား ဂျာမနီနိုင်ငံ GIZ အဖွဲ့အစည်းနှင့် ပူးပေါင်းဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း" စသဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းသို့ တိုင်းဒေသကြီး၊ ပြည်နယ်များမှ SMEs Agency အဖွဲ့အဝင်စုစုပေါင်း(၃၀)ခန့် တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရှိရပါသည်။

Latest News