ဆဋ္ဌမအကြိမ်မြောက် အာဆီယံအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေး( 6th ACCMSME) နှင့် ဆက်စပ် အစည်းအဝေးများ ဒုတိယနေ့ သတင်းစဉ်

By: 

     ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်နေ့မှ (၉) ရက်နေ့အထိကျင်းပပြုလုပ်မည့် အာဆီယံအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၏ (၆) ကြိမ်မြောက်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ( the 6th ACCMSME Meeting and Related Meetings) ၏ ဒုတိယနေ့ အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက် ၊ အင်္ဂါနေ့၊ နံနက် (၈:၃၀) နာရီတွင် နေပြည်တော်ရှိ၊ Park Royal Hotel ၌ ဆက်လက် ကျင်းပပြုလုပ်ခဲ့ပါသည်။
     နံနက်ပိုင်းတွင် ဆဋ္ဌမအကြိမ်မြောက် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီအစည်းအဝေးကို ဆက်လက် ကျင်းပခဲ့ပြီး၊ တက်ရောက်လာကြသည့် အာဆီယံ ကိုယ်စားလှယ်များအား နေပြည်တော်ရှိ အစိုးရအဖွဲ့ရုံးများ၊ ဝန်ထမ်းအိမ်ယာများ၊ လွှတ်တော်များရှိရာ ပတ်ဝန်းကျင်နှင့် မြန်မာ့ကျောက်မျက် ရတနာခန်းမ အတွင်းသို့ လေ့လာရေးခရီး ပို့ဆောင်ပေးခဲ့ပါသည်။
     နေ့လည်ပိုင်းတွင် ဆဋ္ဌမအကြိမ်မြောက် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၏ ဆက်စပ် အစည်းအဝေးဖြစ်သည့် ဒဿမအကြိမ်မြောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဒေသဆိုင်ရာ မူဝါဒအစည်းအဝေး ကို ဆက်လက် ကျင်းပ ပြုလုပ်ခဲ့ ပါသည်။
     အစည်းအဝေးသို့ အာဆီယံအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီအဖွဲ့ဝင်များ၊ UN ၊ ASEAN BAC၊ US ABC၊ OECDနှင့် IBAN အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်၍ ဆွေးနွေးခဲ့ကြပါသည်။
အာဆီယံအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့အထိ Park Royal Hotel ၌ ဆက်လက်ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
  

Latest News