ဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ရေးနှင့် တီထွင်ဖန်တီးမှုစွမ်းရည်တိုးတက်လာစေရေးအတွက် သင်တန်းများဖွင့်လှစ်

     စက်မှုဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ရေးနှင့် တီထွင်ဖန်တီးမှုစွမ်းရည်တိုးတက်လာစေရန်အတွက် စက်မှုဝန်ကြီးဌာနနှင့် Tint Tint Myanmar Group of Companies တို့ပူးပေါင်း၍ လူ့စွမ်းအားအရင်းမြစ်ဖွံ့ဖြိုးရေးသင်တန်း(၆)ခုကို စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၄၁)၌ (၂၄.၁.၂၀၁၉)ရက်နေ့မှ (၂၆.၁.၂၀၁၉) ရက်နေ့ထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါသည်။
     အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၄.၁.၂၀၁၉)ရက်နေ့တွင် နံနက်(၁၀:ဝ၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါသင်တန်းသို့ စက်မှုဝန်ကြီးဌာနမှ သင်တန်းသား/သင်တန်းသူ (၂၄၁)ဦး တက်ရောက်ကြမည်ဖြစ်ပါသည်။
 
 

Latest News