Burmese

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးဖြစ်သူ H. E. Mr. Vikram Misri လာရောက်တွေ့ဆုံ

နေပြည်တော်၊ ဇွန် (၁၅) 
    စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးဖြစ်သူ H. E. Mr. Vikram Misri အား ယနေ့နံနက်(၀၉: ၃၀) နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
    ထိုသို့တွေ့ဆုံစဉ် စွမ်းအင်ကို ထိရောက်အကျိုးရှိစွာ အသုံးပြုရေးအစီအစဉ်အရ LED, Solar နှင့် Vocational Training ကျောင်းများ တိုးချဲ့ဖွင့်လှစ်ရန်အတွက်  နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမည့် ရှေ့ပြေးစီမံကိန်း (Pilot Project) များ  အမြန် အကောင်အထည်ဖော်ရေး၊ အိန္ဒိယနိုင်ငံ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့သော စက်မှု သင်တန်းကျောင်း(မြင်းခြံ)နှင့် (ပခုက္ကူ) အား သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ရေးနှင့် ဘက်ပေါင်းစုံ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးရေး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်း Multi - Model Industrial Complex  ထူထောင်ရေးကိစ္စရပ်များ၊ အမျိုးသားအဆင့် စံချိန်စံညွှန်း သတ်မှတ်ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်ရေး၊ Solar Pannel ထုတ်လုပ်မှုလုပ်ငန်း၊ ဆေးဝါးထုတ်လုပ်မှုလုပ်ငန်း များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ Indian Technical & Economic Cooperation (ITEC) အစီအစဉ်အရ ဆောင်ရွက်မည့် ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် နိုင်ငံပိုင်စက်ရုံအချို့အား ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကဏ္ဍတွင် အိန္ဒိယလုပ်ငန်းရှင်များမှ ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆိုင်ရာကိစ္စရပ်တို့ကို ဆွေးနွေးခဲ့ကြပါသည်။
    အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

Latest News