Burmese

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား တရုတ်နိုင်ငံ၊ Sinolight International Holding Corporation မှ လာရောက်တွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာ (၁၅)
     စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် တရုတ်နိုင်ငံ၊ Sinolight International Holding Corporation ၏ Vice President ဖြစ်သူ Mr. Chen, Dick Fung ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့ (ဝ၈:၃၀) နာရီတွင် စက်မှုဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါ သည်။
     ထိုသို့ တွေ့ဆုံစဉ် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၌ ပျော့ဖတ်နှင့်စက္ကူ စက်ရုံ ပြန်လည်လည်ပတ်နိုင်ရေး၊ International Industrial Park တစ်ခုကို ဧရာဝတီတိုင်းအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ပူးပေါင်း၍ တည်ထောင်နိုင်ရေးနှင့် ရေနက် ဆိပ်ကမ်း အကောင်အထည်ဖော်တည်ဆောက်နိုင်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါ သည်။
     အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် Sinolight International Holding Corporation မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

Latest News