စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို ကယားပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန နှင့် လွိုင်ကော်စက်မှုဇုန် တို့အားကြည့်ရှုစစ်ဆေး

နေပြည်တော်၊ဇူလိုင် (၈)
        စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ဇူလိုင်လ (၇)ရက် နေ့ နေ့လည်ပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဦးစီးဌာနသို့ ရောက်ရှိလာပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပြည်နယ်အတွင်းရှိ SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် SME အေဂျင်စီများမှတဆင့် ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ ပြင်ပပုဂ္ဂလိကပညာရှင်များနှင့် အခြားလိုအပ်ချက်များအချိန်မီရရှိအောင် အစွမ်းကုန်ကူညီ ပေးရမည် ဖြစ်ကြောင်း၊ ပြည်သူများအတွင်း ထဲထဲဝင်ဝင် သွားရောက်၍ ပြည်သူတို့၏ အခက်အခဲကို သိရှိခံစား ကူညီပေးနိုင်မည်ဖြစ်ကြောင်း၊ ဒေသထွက်စိုက်ပျိုးရေး ထုတ်ကုန်များကို တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ်ပံ့ပိုးပေးရန်၊ ရိုးရာထွက်ကုန် ပစ္စည်းများကိုလည်း အဆင့်မြှင့်တင်ပြီး ဈေးကွက်ရရှိအောင်နှင့်ပြည်ပပို့ကုန်ဖြစ်စေရန် နည်းပညာပံ့ပိုး ကူညီဆောင်ရွက်ပေးရန်၊ ဝန်ထမ်းများအနေဖြင့် စက်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ထုံး လုပ်နည်းများနှင့် အညီဆောင်ရွက်ကြရန်၊ မိမိတို့၏စွမ်းဆောင်ရည် မြင့်မားတိုးတက် စေရေးအတွက် စဉ်ဆက်မပြတ်လေ့လာသင်ယူ ကြရန်မှာကြားပြီး တင်ပြချက်များ အပေါ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးသည်။
    ညနေ့ပိုင်းတွင် လွိုင်ကော်စက်မှုဇုန်ရှိ စက်မှုသင်တန်းကျောင်းအသစ် တည်ဆောက်မည့်မြေနေရာ ကိုကြည့်ရှု့စစ်ဆေးပြီး စက်မှုကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန်နှင့်လက်တွေ့အသုံးကျသော သင်တန်းအသစ်များကို အမြန်ဆုံး ဖော်ထုတ်၍ အကောင်အထည်ဖော် တည်ဆောက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးသည်။
       ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လျွိင်ကော်စက်မှုဇုန်ရှိ မျိုးမြန်မာ သီးနှံအခြောက်ခံစက်ရုံ နှင့် သီးနှံအခြောက်ခံစက်များ ထုတ်လုပ်နေမှု အခြေအနေကို ကြည့်ရှုအားပေးပြီး နည်းပညာလိုအပ်ချက်များကို ချိတ်ဆက်ညှိနှိုင်းပေးသည်။ ဆက်လက်၍ Globa Geo သစ်ချောထည်စက်ရုံတို့သို့ ရောက်ရှိပြီး ပြည်တွင်းဖြစ်စက်ပစ္စည်းများကို ကမ္ဘာ့အဆင့်မီစေရန်အတွက် ကူညီဖြေရှင်းပေးရန် လာရောက်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးမှုဝါဒတွင် SME လုပ်ငန်းများ အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရန် အတိအလင်း လမ်းညွှန်ထားပါကြောင်း ၊ လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြ၍ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ PPP ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ခေတ်နှင့်အညီဖန်တီးပေးထားပါကြောင်း၊ SME လုပ်ငန်းများ ယခုထက် ပိုမိုအောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားပြီး လုပ်ငန်းရှင်များ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။
 
      ထို့နောက် လွိုင်ကော်ဒေသရှိ ပေါကြွယ်ဝလှသော သယံဇာတကျောက်တောင်များမှ ခေတ်မီကျောက်ပြားအမျိုးမျိုး ထုတ်လုပ်နိုင်ရန် ပြည်ပညာရှင်များမှ ဒေသဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ မာဘယ်၊ ဂရင်းနိုက်နှင့် အလှဆင် ကျောက်ပြားအမျိုးမျိုး ထုတ်လုပ်နိုင်ရန် ပေါင်းစပ်ညှိနှိုင်းပေးပြီး ယခင်ကျောက်ပြား စက်ရုံဟောင်းဝင်းအတွင်း၌ ဖွင့်လှစ်ထားသော စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးရုံးနှင့် SME အေဂျင်စီရုံးများ၊ ဝန်ထမ်းနေအိမ်များကို လှည့်လည်စစ်ဆေးပြီး လိုအပ်ချက်များကိုဖြည့်ဆည်းပေးခဲ့ကြောင်းသတင်းရရှိသည်။
 
သတင်းရုပ်သံဖိုင် Link

Latest News