Burmese

စက်မှုသင်တန်းကျောင်းများ

စက်မှုဝန်ကြီးဌာန၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက်၊ မျှော်မှန်းချက်နှင့် ဦးတည်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

မျှော်မှန်းချက်

       ယှဉ်ပြိုင်မှုစွမ်းရည်မြင့်မားသော လုပ်သားအင်အားစုနှင့် အဆင့်မြင့်နည်းပညာများ ဆက်လက်သင်ယူလေ့လာနိုင်မှုရှိသော ကျွမ်းကျင်ပညာရှင်များအား နိုင်ငံအနှံ့ပိုမို မွေးထုတ်ပေးရေး၊

ရည်မှန်းချက်       

(၁) တိုင်းပြည်၏ စက်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမောင်းနှင်အားဖြစ်သည့် အရည်အသွေးပြည့်ဝသော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရေးနှင့်ကဏ္ဍ အလိုက် သင့်တော်သည့် လုပ်ငန်းခွင်များတွင် တာဝန်ယူထမ်းဆောင်နိုင်စေရေး၊
(၂) ပြည်တွင်း ကျွမ်းကျင်လုပ်သားများ လိုအပ်ချက် မညီမျှမှုအား တစ်ဖက်တစ်လမ်း မှ ဖြည့်ဆည်းပေးရေး၊

ဦးတည်ချက်

(၁) နည်းပညာအရည်အသွေးပြည့်ဝသော လုပ်သားအင်အားစုများ နိုင်ငံအနှံ့ဖြစ်ထွန်း ပေါ်ပေါက်စေရေး၊
(၂) မျိုးဆက်သစ် ကျွမ်းကျင်လူငယ်ပညာရှင်များအား စက်မှုကဏ္ဍတွင် ပါဝင်နိုင်ရေး အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊
(၃) လေ့ကျင့်သင်ကြားပေးသော ကျွမ်းကျင်ပညာရှင်များအား မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု ‘စံ’ သတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA) ထံတွင် ကျွမ်းကျင်မှု ဆိုင်ရာ အရည်အသွေး စစ်ဆေးခံနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်း၊
(၄) စက်ရုံ/အလုပ်ရုံများတွင် ထုတ်လုပ်မှုစွမ်းရည်နှင့် အရည်အသွေးစစ်ဆေးထိန်း ချုပ်သည့် နည်းပညာများ ကျင့်သုံးနိုင်ရေး ပံ့ပိုးဆောင်ရွက်ပေးခြင်း၊
(၅) အနာဂတ် စက်မှုကဏ္ဍထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် သုတေသန နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းမှတဆင့် ကိုယ်ပိုင်တီထွင်နိုင်မှု စွမ်းရည်များ၊ အရည်အသွေးများ ပိုမိုထက်မြက်လာစေရန် အထောက်အပံ့ပေးခြင်း၊

         စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ကြီးကြပ်မှုအောက်တွင် အောက်ပါစက်မှုသင်တန်း ကျောင်းများကိုဖွင့်လှစ်ကာ စက်မှုကျွမ်းကျင်သင်တန်းများ ပို့ချပေးလျက်ရှိပြီး တစ်နှစ်လျှင်သင်တန်း သား စုစုပေါင်း (၁၀၀၀)ကျော် ကို လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်-

စဉ်  သင်တန်းကျောင်းအမည်

စတင်ဖွင့်လှစ်

သည့်ခုနှစ်

ကူညီထောက်ပံ့

သည့်နိုင်ငံ

(က) အမှတ်(၁)စက်မှုသင်တန်းကျောင်း(ဆင်တဲ) ၁၉၇၉ ဂျာမနီ
( ခ) အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး) ၂၀၀၈ တရုတ်
( ဂ) အမှတ်(၃)စက်မှုသင်တန်းကျောင်း(သာဂရ) ၂၀၀၉ ကိုရီးယား
(ဃ) အမှတ်(၄)စက်မှုသင်တန်းကျောင်း(ပခုက္ကူ) ၂၀၁၀ အိန္ဒိယ
( င ) အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး) ၂၀၁၁ ကိုရီးယား
( စ) အမှတ်(၆)စက်မှုသင်တန်းကျောင်း(မြင်းခြံ) ၂၀၁၄ အိန္ဒိယ

   သင်တန်းကာလမှာတစ်နှစ်ဖြစ်ပြီး သင်တန်းတွင် စာတွေ့ ၃၀ % နှင့် လက်တွေ့ ၇၀ % သင်ကြားပေး၍ စုစုပေါင်းသင်ကြားချိန်နာရီ (၁၆၀၀) ဖြစ်ပါသည်။  စက်မှုသင်တန်းကျောင်းများသို့ တက်ရောက်လိုသူများအနေဖြင့် အောက်ပါအရည်အချင်းများရှိရပါမည်-

(က) တက္ကသိုလ်ဝင်တန်း (ဒသမတန်း) သင်ယူ/ဖြေဆိုဖူးသူ ဖြစ်ရမည်၊
( ခ) အသက်(၁၇)နှစ်မှ (၂၅)နှစ်အတွင်း ဖြစ်ရမည်၊
( ဂ) ကျန်းမာရေး ကောင်းမွန်ပြီး စက်မှုဝါသနာပါသူ ဖြစ်ရမည်၊
(ဃ) ပြည်ထောင်စု မြန်မာနိုင်ငံသား ဖြစ်ရမည်၊
( င)

သင်တန်းစည်းကမ်းများကို လိုက်နာ၍ သင်တန်းပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ရမည်၊