Burmese

မူဝါဒ

၁။      စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုကဏ္ဍများဘက်ညီဖွံ့ဖြိုးရေးအတွက် လယ်ယာအခြေခံ စက်မှုလုပ်ငန်းများ၊ လယ်ယာထုတ်ကုန်များတန်ဘိုးမြှင့် ထုတ်လုပ်သည့် လုပ်ငန်းများနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့်တိုးတက်လာစေရေး၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို တွန်းအားပေးဆောင်ရွက်ပြီး အကြီးစားစက်မှု လုပ်ငန်းများအားဆက်လက်ထူထောင်ခြင်းဖြင့် သွင်းကုန်အစားထိုးထုတ်ကုန်နှင့် ပြည်ပပို့ ထုတ်ကုန်များ တိုးမြင့်လာစေရေး၊

၂။      စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံပိုင်စက်ရုံအလုပ်ရုံများအောင်မြင်မှုရရှိ စေရေး နှင့် ပုဂ္ဂလိကအခန်းကဏ္ဍ၊ အစိုးရနှင့်ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ ပိုမို မြှင့်တင်ရေးအတွက်နည်းပညာ၊ အတတ်ပညာနှင့် ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်၍ ပူးပေါင်း ဆောင်ရွက်ရေး၊

၃။      စက်မှုထုတ်ကုန်များအရည်အသွေးတိုးတက်မြင့်မားလာစေရန်နှင့် ဆန်းသစ်တီထွင်နိုင်ရန် အတွက် သုတေသနနှင့်နည်းပညာလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရေးနှင့် စက်မှုဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊

၄။      ပြည်တွင်းရှိ သယံဇာတကုန်ကြမ်းပစ္စည်းများကိုထိရောက်အကျိုးရှိစွာ အသုံးပြုပြီး တန်ဘိုး မြှင့်ထုတ်လုပ်ခြင်းအားတိုးမြှင့်ဆောင်ရွက်ရေး၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသည့် စက်မှုလုပ်ငန်းများဖြစ်စေရေး နှင့်စွမ်းအင်ကိုအကျိုးရှိထိရောက်စွာအသုံးချနိုင်ရေး။