Burmese

အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်)

Factory Layout Plan

တည်နေရာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းမကြီး၏ အရှေ့ဘက် မိုင်တိုင်အမှတ်(၁၇၁)နှင့် (၁၇၂) အကြား တည်ရှိပါသည်။
စက်ရုံသမိုင်း (က) ချည်မျှင်နှင့်အထည်စက်ရုံအား တရုတ်-မြန်မာ နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ ၁၉၈၀ ပြည့် နှစ်တွင် တည်ဆောက်ခဲ့ပြီး ၁၉၈၂ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ပါသည်။
  (ခ)အချောကိုင်စက်ရုံအား ကမ္ဘာ့ဘဏ်ချေးငွေ(IDA)အစီအစဉ် ဖြင့် ၁၉၈၄ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွင် စတင်လည်ပတ်ထုတ်လုပ်ခဲ့ပါသည်။
  (ဂ) အဆိုပါ စက်ရုံ(၂)ရုံအား ၁၉၉၂ ခုနှစ် မတ်လ (၂)ရက်နေ့ တွင် ပေါင်းစည်း၍ ရွှေတောင်ချည်မျှင်အထည်နှင့်အချောကိုင်စက်ရုံအဖြစ် လည်ပတ်ခဲ့ပါသည်။
မြေအကျယ်အဝန်း စုစုပေါင်းဧရိယာ    ၆၆၀.၇၇ ဧက
(က)ပင်မစက်ရုံ ၂၀၆.၂၃ ဧက
(ခ) ဝန်ထမ်းအိမ်ရာဧရိယာ ၁၆၁.၄၁ ဧက
(ဂ) စက်ရုံလုံခြုံရေးနှင့်  မီးတားလမ်းဧရိယာ ၂၉၃.၁၃ ဧက
ထုတ်ကုန်ပစ္စည်းများ  
(က) ချည်(၁၀၀%ဝါဂွမ်း) ၁/၇၊ ၁/၂၁၊ ၁/၃၀၊ ၁/၃၂ချည်များ
(ခ) ပိတ်ညို ၁/၂၁x၁/၂၁ (၄၆x၄၆)၄၄" ပေါ်ပလင်
  ၁/၃၂စီx၁/၃၂စီ (၆၈x၆၈)၄၇"ပေါ်ပလင်
  ၁/၃၂စီx၁/၃၂စီ(၆၈x၆၈)၅၀"ပေါ်ပလင်
ဝန်ထမ်းအင်အား ၁၇၇၂ ဦး
အသုံးပြုမှု  
(က) လျှပ်စစ်ဓါတ်အား - 66KV မြေအောက်လိုင်း ရွှေတောင်စက်ရုံ 
Power Transmission Line နှင့်အကွာအဝေး Sub-stationမှ ၁.၃ ကီလို မီတာအကွာတွင် ရှိပါသည်။
(ခ) ဘွိုင်လာ - Gas
(ဂ) ရေအရင်းအမြစ်ထုတ်ယူသုံးစွဲမှု - ဧရာဝတီမြစ်
- ၆၀၀၀၀၀ ဂါလန်/နေ့
တပ်ဆင်ထားသောစက်များ  
(က) ချည်မျှင်စက် - ၂၈၉ လုံး
(ချည်ငင်စက်၁၀၁လုံးအပါအဝင် ဆက်စပ်စက်များ)
(ခ) ရက်ကန်းစက် - ၆၆၇ စင်
(ရက်ကန်းစက် ၆၀၄လုံးအပါအဝင်ဆက်စပ်စက်များ)
(ဂ) အချောကိုင်စက် - ၅၅ လုံး
(Grey Inspection စက်၅လုံးအပါအဝင်ဆက်စပ်စက်များ)