အမှတ်(၃)အထည်စက်ရုံ(စစ်ကိုင်း)

တည်နေရာ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-မုံရွာရထားလမ်း ဘေး၊ ရွာသစ်ကြီးကျေးရွာနှင့် (၂)မိုင်ခန့်အကွာ၊ ရန်ကုန်မှ ၆၇၆.၈ ကီလိုမီတာ (၄၂၃မိုင်)အကွာတွင် တည်ရှိပါသည်။
စက်ရုံ သမိုင်း အမှတ်(၃)အထည်စက်ရုံ(စစ်ကိုင်း)အား တိုယိုမင်ကာကိုင်းရှား ကုမ္ပဏီလီမိတက်(TOYOMINKAKAISIA CO.,LTD)နှင့် စာချုပ် ချုပ်ဆို၍ ၁၉၇၀ ပြည့်နှစ် ဒီဇင်ဘာလမှစတင် တည်ဆောက်ခဲ့ပြီး ၁၉၇၂ ခုနှစ် ဇန်နဝါရီလတွင် ပြီးစီးခဲ့ပါသည်။ ၁.၆.၁၉၇၂ ရက်နေ့ တွင် စတင်လည်ပတ်ခဲ့ပါသည်။

Location Map

Factory Layout Plan

မြေအကျယ်အဝန်း စုစုပေါင်းဧရိယာ ၄၈၉.၅၉ ဧက
(က)ပင်မစက်ရုံ ၄၄.၀၀ ဧက
(ခ) ရုံး ၁၂.၀၀ ဧက
(ဂ) ဝန်ထမ်းအိမ်ရာ ၂၈၃.၅၈ ဧက
(ဂ) မြေလွတ်နှင့်မီးတားလမ်း ဧရိယာ ၁၅၀.၀၁ ဧက
ထုတ်ကုန်ပစ္စည်းများ  
(က)ချည်(၁၀၀%ဝါဂွမ်း)  ၁/၅၊ ၁/၇၊ ၁/၁၀၊ ၁/၂၁၊ ၁/၃၂
( ခ)ပိတ်ညို  ၂၁x၂၁/၂၀x၂၇-၄၄" Bandage
   ၃၀x၃၀/၁၃x၁၆-၃၆" Gauze ပိတ်ကျဲစောင်
( ဂ)ဝါဂွမ်း+ပိုလီအက်စတာ ၂/၄၀ပီစီx၂/၄၀ပီစီ ၅၀x၃၆"-၄၇"/၆၀"

        

ဝန်ထမ်းအင်အား - ၁၀၃၇ ဦး 
အသုံးပြုမှု  
(က) လျှပ်စစ်ဓါတ်အား - 33KV လိုင်း
Power Transmission Line    
နှင့်အကွာအဝေး
- အုန်းတောပင်မဓါတ်အားစက်ရုံမှ ၁၄.၅မိုင် အကွာတွင် ရှိပါသည်။
(ခ) ဘွိုင်လာ - F.O
(ဂ) ရေအရင်းအမြစ် - ဧရာဝတီမြစ်
ထုတ်ယူသုံးစွဲမှု - ၂၀၄၈၀၀ ဂါလန်/နေ့
တပ်ဆင်ထားသောစက်များ  
(က) ချည်မျှင်စက် - ၂၁၂ လုံး
(ချည်ငင်စက်၁၀၀လုံးအပါအဝင် ဆက်စပ်စက်များ)
(ခ) ရက်ကန်းစက် - ၆၃၇ စင်
(ရက်ကန်းစက်၅၈၈လုံးအပါအဝင်ဆက်စပ်စက်များ)
(ဂ) စောင်ရက်ကန်းစက် - ၁၁၀ လုံး
(ရက်ကန်းစက်၅၄လုံးအပါအဝင်ဆက်စပ်စက်များ)