အမှတ်(၄)အထည်စက်ရုံ(ပွင့်ဖြူ)

တည်နေရာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်း-ပွင့်ဖြူ ကားလမ်းဘေး၊ ကံသာကြီးကျေးရွာအနီး၊ ပွင့်ဖြူမြို့မှ ၂မိုင်အကွာ၊ ရန်ကုန်မြို့မှ ၃၃၂မိုင်အကွာတွင် တည်ရှိပါသည်။
စက်ရုံသမိုင်း ချည်မျှင်နှင့်အထည်စက်ရုံပွင့်ဖြူကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ Tianjin Machinery Import and Export Corporation နှင့် စက်မှုဝန်ကြီးဌာန၊ အထည်အလိပ်လုပ်ငန်းတို့ သဘောတူစာချုပ်ချုပ်ဆို၍ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်တည်ဆောက်ခဲ့ပါသည်။ ၂၀၀၅ ခုနှစ် အောက်တိုဘာလတွင် စက်များလည်ပတ်၍ ကုန်ထုတ်လုပ်ဆောင်ရွက်ခဲ့ပါသည်။
မြေအကျယ်အဝန်း စုစုပေါင်းဧရိယာ ၃၈၉.၇၁ ဧက
(က) ပင်မစက်ရုံ ၃၅.၂၀ ဧက
(ခ) ဝန်ထမ်းအိမ်ရာ ၇၂.၇၇ ဧက
(ဂ) မြေလွတ် ၂၈၁.၇၄ ဧက

Location Map

Factory Layout Plan

ထုတ်ကုန်ပစ္စည်းများ  
(က) ချည်မျှင်ညို (ဃ)အဖြူချွတ်ဆေးဆိုးချည်
( ခ) အနံကြီးရှပ်ဖျင်ပိတ် ( င) အပ်ချည်အမျိုးမျိုး
( ဂ) ခန်းဆီးလိုက်ကာပိတ်  

 

   

  

ဝန်ထမ်းအင်အား - ၁၀၅၆ ဦး
အသုံးပြုမှု  
(က) လျှပ်စစ်ဓါတ်အား - 33KV လိုင်း
Power Transmission Line    
နှင့်အကွာအဝေး
- မင်းဘူးဓါတ်အားခွဲရုံမှ ၁၈.၆မိုင်အကွာတွင် ရှိပါသည်။
(ခ) ဘွိုင်လာ - Gas
(ဂ) ရေ  
အရင်းအမြစ် - မုန်းချောင်း
ထုတ်ယူသုံးစွဲမှု - ၂၀၀၀၀၀ ဂါလန်/နေ့
တပ်ဆင်ထားသောစက်များ  
(က) ချည်မျှင်စက် - (၁၅၄)လုံး (ချည်ငင်စက်၆၂လုံးအပါအဝင် ဆက်စပ်စက်များ) 
( ခ) ရက်ကန်းစက် - ရက်ကန်းစက် ၅၂၅လုံး၊ အနံကြီးရက်ကန်းစက်၅၀လုံးအပါအဝင်  ဆက်စပ်စက်များ
( ဂ) အပ်ချည်စက် - အပ်ချည်စက် (၄၇) လုံး (ချည်ကျစ်စက် ၇လုံးအပါအဝင် ဆက်စပ်စက်များ)