Burmese

အမှတ်(၅)အထည်စက်ရုံ(ပခုက္ကူ)

တည်နေရာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့မှ (၃)မိုင်အကွာရှိ ကျွဲတဲကျေးရွာအနီး၊ ရွှေတန့်တစ်ဘုရားအသွား ကားလမ်းဘေးတွင် တည်ရှိပါသည်။
စက်ရုံသမိုင်း     ချည်မျှင်နှင့်အထည်စက်ရုံ(ပခုက္ကူ)သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Tianjin Machinery Import & Export Corporation နှင့် စက်မှု ဝန်ကြီးဌာန၊ အထည်အလိပ်လုပ်ငန်းတို့ သဘောတူစာချုပ်ချုပ်ဆို၍ ၂၀၀၄ ခုနှစ် ဇူလိုင်လတွင် စတင်တည်ဆောက်ခဲ့ပါသည်။ ၂၀၀၅ ခုနှစ် အောက်တိုဘာလတွင် စက်များလည်ပတ်၍ ကုန်ထုတ်လုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။
မြေအကျယ်အဝန်း စုစုပေါင်းဧရိယာ ၃၇၁.၀၁ ဧက
(က) ပင်မစက်ရုံ ၁၆၀.၃၅ ဧက
(ခ) ဆေးဆိုးပန်းရိုက်စက်ရုံ ၈.၆၅ ဧက
(ဂ) ဝန်ထမ်းအိမ်ရာ ၂၀၂.၀၁ ဧက

Location Map

Factory Layout Plan

ထုတ်ကုန်ပစ္စည်းများ  
(က) ချည်(၁၀၀%ဝါဂွမ်း) ၁/၂၁၊ ၁/၃၂၊ ၁/၄၀ ချည်များ
(ခ) ပိတ်ညို ၁/၂၁x၁/၂၁ (၈၆x၅၂)၄၈"
  ၁/၃၀x၁/၃၀ (၆၈x၆၈)၅၀"
  ၁/၃၂x၁/၃၂(၆၈x၆၂)၄၈"
  ၁/၄၀x၁/၄၀(၉၆x၇၂)၄၇"
(ဂ) ပိုလီအက်စတာဂွမ်း ၁/၄၀ပီစီx၁/၄၀ပီစီ(၅၀x၃၆)၄၇"
ဝန်ထမ်းအင်အား - ၁၃၆၂ ဦး
အသုံးပြုမှု  
(က) လျှပ်စစ်ဓါတ်အား - 66KV လိုင်း
Power Transmission Line နှင့် အကွာအဝေး - ပခုက္ကူမြို့ ဘုရားကုန်းဓါတ်အားခွဲရုံမှ ၂.၃ မိုင်အကွာတွင် ရှိပါသည်။
(ခ) ဘွိုင်လာ     - F.O
(ဂ) ရေ  
အရင်းအမြစ် - ဧရာဝတီမြစ်
ထုတ်ယူသုံးစွဲမှု - ၂၀၀,၀၀၀ ဂါလန်/နေ့
တပ်ဆင်ထားသောစက်များ  
(က) ချည်မျှင်စက် - ၁၄၈ လုံး
(ချည်ငင်စက်၆၂လုံးအပါအဝင် ဆက်စပ်စက်များ)
(ခ) ရက်ကန်းစက် - ၈၉၃ လုံး
(ရက်ကန်းစက် ၈၂၈လုံးအပါအဝင်ဆက်စပ်စက်များ)
(ဂ) အချောကိုင်စက်  - ၈ လုံး