Burmese

အမှတ်(၆)အထည်စက်ရုံ(ဆားလင်းကြီး)

တည်နေရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့မှ (၁)မိုင်အကွာ၊ ရန်ကုန်မြို့ မှ ၈၃၅.၂ ကီလိုမီတာ(၅၂၂မိုင်)အကွာတွင် တည်ရှိပါသည်။
စက်ရုံသမိုင်း     တရုတ်ပြည်သူ့သမ္မတနိုင်ငံ China National Construction and Agricultural Machinery Import and Export Corporation (CAMC)နှင့် စက်မှုဝန်ကြီးဌာန၊ အထည်အလိပ်လုပ်ငန်းတို့ ၂၀၀၁ ခုနှစ်တွင် သဘောတူစာချုပ်ချုပ်ဆို၍ စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် စက်ရုံဖွင့်လှစ်ခဲ့ပါသည်။
မြေအကျယ်အဝန်း စုစုပေါင်းဧရိယာ ၆၆၀.၇၇ ဧက
(က) ပင်မစက်ရုံ ၂၀၆.၂၃ ဧက
(ခ) ဝန်ထမ်းအိမ်ရာဧရိယာ ၁၆၁.၄၁ ဧက
(ဂ) စက်ရုံလုံခြုံရေးနှင့် မီးတားလမ်းဧရိယာ ၂၉၃.၁၃ ဧက

Location Map

Factory Layout Plan

ထုတ်ကုန်ပစ္စည်းများ  
(က) ချည်(၁၀၀%ဝါဂွမ်း) ၁/၂၁၊ ၁/၃၂၊ ၁/၄၀ ချည်များ
(ခ) ပိတ်ညို ၁/၃၂x၁/၃၂ (၆၈x၆၈)၄၇"
  ၁/၄၀x၁/၄၀ (၉၆x၇၂)၄၇"
  ၁/၃၀x၁/၃၀(၆၈x၆၈)၄၇"
(ဂ) ပိုလီအက်စတာ+ဝါ ၁/၄၀x၁/၄၀(၉၆x၇၂)၄၇"
ဝန်ထမ်းအင်အား - ၁၇၅၅ ဦး
အသုံးပြုမှု  
(က) လျှပ်စစ်ဓါတ်အား - 33 KV လိုင်း
Power Transmission Line နှင့် အကွာအဝေး - ဆားလင်းကြီးမြို့၊ ညောင်ပင်ကြီးဓါတ်အားခွဲ ရုံမှ (၁၀)မိုင်အကွာတွင် ရှိပါသည်။
(ခ) ဘွိုင်လာ     - F.O
(ဂ) ရေ  
အရင်းအမြစ် - ချင်းတွင်းမြစ်
ထုတ်ယူသုံးစွဲမှု - ၂၉၉၃၇၆ ဂါလန်/နေ့
တပ်ဆင်ထားသောစက်များ  
(က) ချည်မျှင်စက် - ၁၈၇ လုံး
(ချည်ငင်စက်၆၂လုံးအပါအဝင် ဆက်စပ်စက်များ)
(ခ) ရက်ကန်းစက် - ၈၇၁ လုံး
(ရက်ကန်းစက် ၈၂၈လုံးအပါအဝင်ဆက်စပ်စက်များ)