စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန နှင့် Matrix Institute of Professionals တို့အကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းအခမ်းအနား

     
      မြန်မာနိုင်ငံရှိ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ပေးရာတွင် အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်သည့် ငွေကြေးထောက်ပံ့မှုများ ရရှိရေးနှင့် ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုပညာရပ်များ ကျွမ်းကျင်သော SME များမွေးထုတ်ပေးနိုင်ရန်ရည်ရွယ်ပြီး စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန နှင့် Matrix Institute of Professionals တို့အကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ရန်ကုန်မြို့ရှိ Novotel Hotel ၌ (၂၈.၁၀.၂၀၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
       ရှေ့ဆက်လက်ပြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် Matrix Institute of Professionals တို့ပူးပေါင်း၍ “Building Access to Finance : Creating Financial Smarts SME in Myanmar” Program ကို မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီး (၁၀) မြို့တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ဤအစီအစဉ်အရ ရန်ကုန်မြို့ရှိ SME လုပ်ငန်းရှင်များအား Financial Literacy သင်တန်းပို့ချခဲ့ရာ ငွေကြေးအရင်းအနှီးရယူနိုင်ရန်အတွက် ဘဏ်များသို့ချိတ်ဆက်နိုင်ခဲ့သည့် လုပ်ငန်းရှင် (၈)ဦး ပေါ်ထွက်ခဲ့ပြီး ကျန်လုပ်ငန်းရှင်(၇၅)ဦး အပါအဝင် လုပ်ငန်းရှင် (၈၃)ဦးအား ဘဏ္ဍာရေး ဗဟုသုတများ နှင့်ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာများကို ပို့ချပေးနိုင်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၃၀)ရက်နေ့နှင့် ဒီဇင်ဘာလ (၁) ရက်နေ့ များတွင်လည်း ကရင်ပြည်နယ် သံတောင်မြို့ရှိ SME လုပ်ငန်းရှင်များသို့ ဤအစီအစဉ်ဖြင့် ပံ့ပိုးပေးသွားမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူ SME လုပ်ငန်းရှင်များအနေဖြင့် ဒေါ်သီရိကေခိုင်၊ ဌာနခွဲမှူး၊ ဖုန်း ဝ၉-၄၂၅၂၆၀၁၂၄ သို့ (၂၇.၁၁.၂၀၁၉) ရက်နေ့နောက်ဆုံးထားပြီး ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းနိုင်ပါကြောင်း ဖိတ်ကြားအပ်ပါသည်။