Industry News

(၃၄)ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး ကျင်းပလျက်ရှိ

နေပြည်တော် ဇူလိုင် ၁၃

အာဆီယံစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍခွဲများဖြစ်သော အာဆီယံ ရေနံကောင်စီ၊ ကျောက်မီးသွေးနှင့် သန့်စင်သော ကျောက်မီးသွေး သုံးစွဲရေး နည်းပညာဆိုင်ရာ၊ အာဆီယံလျှပ်စစ် စွမ်းအားဆိုင်ရာ၊ စွမ်းအင်အကျိုးရှိထိရောက်စွာ အသုံးပြုရေးနှင့် စွမ်းအင်ခြိုးခြံချွေတာရေးဆိုင်ရာ၊ ပြန်ပြည့်မြဲ စွမ်းအင်ဆိုင်ရာ၊ ဒေသတွင်း စွမ်းအင် မူဝါဒနှင့် စီမံခန့်ခွဲရေးဆိုင်ရာ၊ မြို့ပြသုံး နျူကလီးယား စွမ်းအင်ဆိုင်ရာ၊ အာဆီယံစွမ်းအင် မူဝါဒချမှတ်သူများ အဖွဲ့အစည်းကွန်ရက်နှင့် အာဆီယံ စွမ်းအင်ဗဟိုဌာန အဆင့်မြှင့်တင်ရေးဆိုင်ရာများ နှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို အပြန်အလှန် ညှိနှိုင်းဆွေးနွေးသွားကြမည်ဖြစ်ကြောင်း အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတွင် အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သူ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်က ပြောကြားသည်။

မော်တော်ယာဉ်ဆိုင်ရာထုတ်ကုန်ပစ္စည်းများ စံချိန်စံညွှန်းသတ်မှတ်နိုင်ရေး အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေး

နေပြည်တော် ဇွန် ၂၈

ASEAN MRA အစီအစဉ်အရ မော်တော်ယာဉ်ဆိုင်ရာ ထုတ်ကုန်ပစ္စည်းများ၏ စံချိန်စံညွှန်းများ သတ်မှတ်နိုင်ရေးအတွက် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃ဝ) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဈေးကွက်အတွင်းရှိ စားသုံးဆီများတွင် ဇူလိုင်ပထမပတ်မှစ၍ စက်မှုနှင့်စည်ပင် လိုင်စင်နှစ်ခုဖော်ပြ၍ ရောင်းချရမည်

ဇူလိုင်ပထမပတ်မှစ၍ ဈေးကွက်အတွင်းရှိ စားသုံးဆီများ တွင် စက်မှုနှင့်စည်ပင်လိုင်စင်နှစ် ခု ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး လိုက်နာမှုမရှိပါက တရားမဝင်ဆီ အဖြစ် သတ်မှတ်၍ အရေးယူမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ ဆေးဝါးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် UNIDO နှင့် ပူးပေါင်း၍ Meeting of Key Stakeholders on Pharmaceutical Industry in Myanmar အား ကျင်းပပြုလုပ်

နေပြည်တော်၊ ဇွန် (၁)

          မြန်မာနိုင်ငံရှိ ပြည်တွင်းဆေးဝါးစက်ရုံများမှ အရည်အသွေးရှိသော ဆေးဝါး ထုတ်ကုန်များထုတ်လုပ်နိုင်ရေးနှင့် ရေရှည်ရှင်သန်ရပ်တည်နိုင်ရေးအတွက် United Nations Industrial Development Organization (UNIDO) နှင့်ပူးပေါင်း၍ ဆေးဝါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာ(Pharmaceutical Sector Development Strategy) ရေးဆွဲချမှတ်နိုင်ရန် စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာနတို့မှ Focal အဖြစ်ဦးဆောင်၍ 

ဆေးဝါးသစ် စက်ရုံသစ်တွေပါဝင်သည့် စက်မှုဝန်ကြီးဌာန၏ ရက် ၁ဝဝ

စက်မှုဝန်ကြီးဌာန ရက် ၁ဝဝ စီမံချက်

တွေ့ဆုံမေးမြန်း- မင်းသစ်(သတင်းစဉ်) ၊ ဓာတ်ပုံ - အေးသန်း

စက်မှုဝန်ကြီးဌာနသည် ရက်ပေါင်း ၁ဝဝ အတွင်း စက်ရုံ စက်ရုံအလုပ်ရုံများ ဖွင့်လှစ်ရေး၊ စက်မှုကဏ္ဍနှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိရေး၊ စွမ်းအင်ချွေတာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စက်ရုံစီမံကိန်းများတွင်ရှိသည့် အလုပ်ရုံများကို အပိုင်းလိုက် အပြီးသတ်အောင် ဆောင်ရွက်ရေးတို့ကို အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောကြားသည်။

စက်မှုကဏ္ဍဖွံ့ဖြိုးရေးနှင့်အတူ ပြည်သူ့အတွက် တိုက်ရိုက်အကျိုးရှိစေမည့် ရက် ၁၀၀ စီမံချက်

စားသောက်ကုန်၊ အထည်အလိပ် ဆေးဝါးနှင့်အခြားလူသုံးကုန် ပစ္စည်းများကိုလည်းကောင်း သယ်ယူပို့ ဆောင်ရေးကဏ္ဍ၊ လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍတို့တွင် လိုအပ်သည့် မော်တော်ယာဉ်အမျိုးမျိုးနှင့် ဆက်စပ် ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ယာဉ်ယန္တရားနှင့် ဘိလပ်မြေများ၊ လယ်ယာသုံး စက်ကိရိယာ ပစ္စည်းများ၊ လျှပ်စစ်နှင့်ပတ်သက်သည့် ပစ္စည်းများကို စက်မှုဝန်ကြီးဌာနက ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိသည်။

မြွေဆိပ်ဖြေဆေး စက်ရုံသစ်နှင့် ဆေးဝါးနှင့် ကုန်ကြမ်းများကို သိုလှောင်နိုင် သည့် Warehouse ရက် ၁၀၀ စီမံချက်တွင် ဖွင့်လှစ်သွားမည်

စက်မှုဝန်ကြီးဌာန ဆေးဝါးစက်ရုံ (အင်းစိန်) မှ ကောင်းမွန်သော ထုတ်လုပ်မှု ကျင့်စဉ် (GMP) နှင့်အညီ တည်ဆောက်ထား သည့် မြွေဆိပ်ဖြေဆေး စက်ရုံသစ်နှင့် WHO က ချမှတ်ထားသည့် ကောင်း မွန်သော သိုလှောင်မှု ကျင့်စဉ် (GSP Guide Line) နှင့်အညီ ဆေးဝါးနှင့် ကုန်ကြမ်းများကို သိုလှောင်နိုင်သည့် Ware House အသစ်ကို ရက် ၁၀၀ စီမံချက်တွင် ဖွင့်လှစ်သွားမည့်အပြင် ဆေးဝါးထုပ်ပိုးမှု ပုံစံကိုလည်း နိုင်ငံ တကာ အဆင့်မီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါစက်ရုံမှ သိရသည်။

စက်မှုဝန်ကြီးဌာန၏ အမှတ်တံဆိပ် Logo အသစ်

စက်မှုဝန်ကြီးဌာန၏ ရက်ပေါင်း(၁၀၀)အတွင်း အကောင်အထည်ဖော်မည့်လုပ်ငန်းများအား ကဏ္ဍကြီး(၆)ရပ်ဖြင့်ဆောင်ရွက်သွားမည်။

စက်မှုဝန်ကြီးဌာန၏ ရက်ပေါင်း(၁၀၀)အတွင်းအကောင်အထည်ဖော်မည့်လုပ်ငန်းများအား ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများ၊ စက်မှုလုပ်ငန်းများနှင့်ပူးပေါင်းကာ အောက်ဖော်ပြပါ ကဏ္ဍကြီး(၆)ရပ်ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ပါသည်-
    (၁) ပြည်သူ့အကျိုးပြုစက်ရုံအလုပ်ရုံများဖွင့်လှစ်ခြင်း
    (၂) စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း
    (၃) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း
    (၄) အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်ဆောင်ရွက်ပေးခြင်း
    (၅) စွမ်းအင်ချွေတာရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်ခြင်း
    (၆) ဆောင်ရွက်ဆဲစက်ရုံစီမံကိန်းများရှိ အလုပ်ရုံများအလိုက်အပြီးသတ် ဆောင်ရွက်ခြင်း 
  

စက်မှုဝန်ကြီးဌာန၏ ရက်ပေါင်း(၁၀၀)ကာလအတွင်း မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းခြင်း ဆိုင်ရာ နည်းပြများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်လှစ်

မြန်မာနိုင်ငံတွင် ယာဉ်အိုယာဉ်ဟောင်းများ အစားထိုးတင်သွင်းခွင့်မူဝါဒနှင့်အတူ မော်ဒယ်မြင့် မော်တော်ယာဉ်များ အမြောက်အများအစားထိုးတင်သွင်းခဲ့ကြရာ ရာခိုင်နှုန်းအများစုမှာ တစ်ပတ်ရစ်မော်တော်ယာဉ်များဖြစ်သဖြင့် ကာလအနည်းငယ်အတွင်း ပြုပြင်ထိန်းသိမ်းရန် လိုအပ် လာသကဲ့သို့ မော်ဒယ်မြင့်မော်တော်ယာဉ်များကို ပြုပြင်ထိန်းသိမ်းပေးနိုင်မည့် ကျွမ်းကျင်လုပ်သား လိုအပ်ချက်များဖြစ်ပေါ်လာပါသည်။

Pages