
အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း
Posted:
နောက်ခံသမိုင်းအကျဉ်း
၁။ ၂၀၁၁ခုနှစ် ဇန်နဝါရီလတွင် မြန်မာ့စက်ကိရိယာနှင့် လျှပ်စစ်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း နှင့် မြန်မာ့တာယာနှင့်ရော်ဘာပစ္စည်းထုတ်လုပ်မှုလုပ်ငန်းတို့ကို ပူးပေါင်း၍ အမှတ်(၂)အထွေထွေ အကြီးစားစက်မှုလုပ်ငန်းဟု ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၂ ခုနှစ် ဧပြီလတွင် အမှတ်(၂)အကြီးစား စက်မှုလုပ်ငန်းဟု ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၅ ခုနှစ် ဧပြီလတွင် ယခင် အမှတ်( ၂ )အကြီးစား စက်မှုလုပ်ငန်းနှင့် အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်းတို့ကို ပူးပေါင်း၍ အမှတ်(၂)အကြီးစားစက်မှု လုပ်ငန်းဟု ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။
၂။ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်းသည် လမ်းပန်းဆက်သွယ်ရေးတွင် အဓိကကျသော သယ်ယူ ပို့ဆောင်ရေးယာဉ်များ၊ လူစီးမော်တော်ယာဉ်များနှင့် စက်မှုလယ်ယာသုံးယာဉ်များအတွက် လိုအပ်လျက် ရှိသော မော်တော်ယာဉ်တာယာများ၊ စက်မှုကုန်ကြမ်းဖြစ်သည့် သဘာဝရော်ဘာများ၊ နိုင်ငံတော် လိုအပ်ချက်အရ စက်နှင့်စက်ကိရိယာပစ္စည်းများ ၊ လျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းများ ၊ ရေအား လျှပ်စစ်တာဘိုင်များ၊ဂျင်နရေတာများ၊ ဘွိုင်လာများ၊ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ပစ္စည်းများ၊ LED မီးသီးများ၊ ဘိလပ်မြေ၊ မီးခံအုတ်၊ ကြွေထည်ပစ္စည်းအမျိုးမျိုး၊ ဗို့အားမြှင့်ကြွေသီးအမျိုးမျိုးနှင့် မှန်များ ထုတ်လုပ်ပေးနေသော လုပ်ငန်း ဖြစ်ပါသည်။
၃။ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၏ ကြီးကြပ်မှုအောက်တွင် အောက်ပါစက်ရုံနှင့် လုပ်ငန်း ဌာနများ ပါဝင်သည်-
စက်ရုံ/လုပ်ငန်းဌာနများ
(က) အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း(ရုံးချုပ်)
(ခ ) အမှတ်(၂၁)အကြီးစားစက်ရုံ(သထုံ)
(ဂ) အမှတ်(၂၂)အကြီးစားစက်ရုံ(ဘီးလင်း)
(ဃ) အမှတ်(၂၃)အကြီးစားစက်ရုံ(ညောင်ခြေထောက်)
(င ) အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ)
(စ) အမှတ်(၂၆)အကြီးစားစက်ရုံ(သာဂရ)
(ဆ) အမှတ်(၂၇)စက်မှုကုန်ကြမ်းဌာန(ကျိုက်ထို)
(ဇ ) အမှတ်(၃၁)အကြီးစားစက်ရုံ(သရက်)
(ဈ) အမှတ်(၃၂)အကြီးစားစက်ရုံ(ကြံခင်း)
(ည) အမှတ်(၃၃)အကြီးစားစက်ရုံ(ကျောက်ဆည်
(ဋ ) အမှတ်(၃၄)အကြီးစားစက်ရုံ(သာယာဝတီ)
(ဌ ) အမှတ်(၃၅)အကြီးစားစက်ရုံ(ချောက်)
(ဍ ) အမှတ်(၃၆)အကြီးစားစက်ရုံ(ကျောက်ဆည်)
(ဎ) ပလတ်စတစ်စက်ရုံ(ကျောက်ဆည်)
စက်ရုံခွဲများ
(က) ရာဘာပစ္စည်းစက်ရုံခွဲ (ရွှေဟင်္သာလမ်း)
(ခ ) ရာဘာပစ္စည်းစက်ရုံခွဲ (သင်္ဃန်းကျွန်း)
(ဂ ) အီလက်ထရောနစ်ပစ္စည်းနှင့်လျှပ်စစ်မော်တာစက်ရုံ၊
(ဃ) အောက်ဆီဂျင်ဓာတ်ငွေ့နှင့် အက်ဆီတလင်းဓာတ်ငွေ့အလုပ်ရုံ
(င ) ဓာတ်ခဲအလုပ်ရုံ
(စ ) LED မီးသီးအလုပ်ရုံ
(ဆ) ခရမ့်ရာဘာစက်ရုံ (သံဖြူဇရပ်)
(ဇ ) မီးခံဘိလပ်မြေပြားထုတ်လုပ်ရေးဌာန(မှော်ဘီ)
(ဈ ) အဆင့်မြင့်မီးခံအုတ်ထုတ်လုပ်ရေးဌာန(ကျောက်ဆည်)
(ည) ကျောက်ပြားထုတ်လုပ်ရေးဌာန(စကျင်)
(ဋ ) အုတ်ထုတ်လုပ်ရေးဌာန(တညင်းကုန်း)
(ဌ ) အဆင့်မြင့် မီးခံအုတ် ထုတ်လုပ်ရေးဌာန(တညင်းကုန်း)
(ဍ ) ကြွေထည်ပစ္စည်းထုတ်လုပ်ရေးဌာန(မော်လမြိုင်)
(ဎ) မှန်ထုတ်လုပ်ရေးဌာန(ပုသိမ်)
ဆက်သွယ်ရန်လိပ်စာ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း ၊ ရုံးအမှတ်(၄၁) ၊
စက်မှုဝန်ကြီးဌာန
အထွေထွေမန်နေဂျာ(စီမံရေးဌာန)
၀၆၇-၄၀၈၃၇၂၊ ဖက်စ်နံပါတ် ၀၆၇-၄၀၈၄၀၇