Burmese

News

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်အား ကိုရီးယားသမ္မတ နိုင်ငံ၊ ဘူဆန်မြို့ရှိ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ် Mr.Won Bae Dahn ဦးဆောင်သော စီးပွားရေးကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီလ(၃)ရက်နေ့၊ နေ့လယ် (၁၂:ဝ၀)နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၀)ရှိ အစည်းအဝေးခန်းမ၌ လာရောက် တွေ့ဆုံသည်။

By: 

နေပြည်တော်၊ ဒီဇင်ဘာ (၂၉) 
    (၆၇)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို စက်မှုဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်သည့် အခမ်းအနားကို ယနေ့နံနက် (ဝ၈:၃၀)နာရီတွင် နေပြည်တော်၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၄၁)၌ ကျင်းပပြုလုပ် ရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ဒုတိယဝန်ကြီး ဦးသိန်းအောင်၊ ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်း များ တက်ရောက်ကြည့်ရှုအားပေးသည်။

နေပြည်တော်၊ ဇန်နဝါရီ (၁၆)
              စက်မှုဝန်ကြီးဌာန၊ စက်မှုညွှန်ကြားရေးဦးစီးဌာန၊ အမှတ်(၆)စက်မှု သင်တန်း ကျောင်း(မြင်းခြံ)၏ အမှတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ(၁၆)ရက်နေ့ ဝ၉:၃၀ နာရီတွင် အဆိုပါသင်တန်း ကျောင်း၏ Auditorium ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားသည်။

By: 

နေပြည်တော်၊ ဇန်နဝါရီ (၂၁)
    စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်အား ကိုရီးယားသမ္မတ နိုင်ငံ၊ Bo Sung Powertec Co.,Ltd မှ Vice Chairman ဖြစ်သူ Mr.Ban Ki Ho ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့(၁၃:ဝ၀)နာရီတွင် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

By: 

ရန်ကုန် ဇန်နဝါရီ  ၂၀    
    အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်အလုပ်သမားများ၏  လူမှုစီးပွားဘ၀ မြှင့်တင်ရေးဆိုင်ရာ နိုင်ငံတော်အစိုးရအဆင့် ပြည်ထောင်စုဝန်ကြီးများနှင့် အလုပ်ရှင်များ၊ အလုပ်သမားများ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲသို့ ယနေ့နံနက် ၉ နာရီက လှိုင်သာယာစက်မှုဇုန် ကနောင်ခန်းမ၌ ကျင်းပသည်။

Pages