Burmese

News

    ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး စတုတ္ထနေ့တွင် ချင်းပြည်နယ်မဲဆန္ဒအမှတ်(၉)မှ ဒေါ်ခင်ဆွေလွင်၏ ချင်းပြည်နယ်တွင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတိုးနှုန်းသက်သာသော နိုင်ငံတကာချေးငွေများဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက အောက်ပါအတိုင်း ရှင်းလင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

နေပြည်တော် မေ ၂၅
    စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား လီကွမ်ယု ပြည်သူ့ရေးရာ မူဝါဒကျောင်းမှ Director ဖြစ်သူ Mr. Dane Lim နှင့် Regional Advisor ဖြစ်သူ Dr. Yap Kwong Weng တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၅.၅.၂၀၁၇ ရက်နေ့ နေ့လည် (၁၃:ဝ၀)နာရီတွင် နေပြည်တော်၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

By: 

နေပြည်တော်၊ မေ (၂၂)
    စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် UNIDO မှ Regional Director and Representative ဖြစ်သူ Mr. Stein Hansen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့(၁၅:၃၀)နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စက်မှုဝန်ကြီးဌာန
သတင်းထုတ်ပြန်ချက်အမှတ် ၁/၂၀၁၇

လူမှုကွန်ယက်စာမျက်နှာတွင် မဟုတ်မမှန်သတင်းများ ရေးသားဖော်ပြနေခြင်းအား တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခြင်း

နေပြည်တော် ဧပြီ ၂၇
    စက်မှုဝန်ကြီးဌာနနှင့် ကိုရီးယားနိုင်ငံ The Korea Institute for Advan-cement of Technology (KIAT) တို့အကြား စက်မှုနည်းပညာအကြံပေး အစီအစဉ်အရ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပသည်။
    အခမ်းအနားတွင် စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် KIAT အဖွဲ့ ဥက္ကဋ္ဌ Mr. Jae Hoon Chung တို့က အဖွင့်အမှာစကား ပြောကြားကြသည်။

နေပြည်တော် ဧပြီ ၂၆

နိုင်ငံတော်အစိုးရ၏ ပထမတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေး ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေပြည်တော် မတ် ၃၁
    စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ချိုသည် POSCO DAE-WOO Myanmar Corporation Ltd. မှ Managing Director ဖြစ်သူ Mr. Won Yoo Joon ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၈ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ တွေ့ဆုံခဲ့သည်။ ယင်းနောက် နံနက် ၁၁ နာရီတွင် အမှတ် (၃၆) အကြီးစားစက်ရုံ (ကျောက်ဆည်) အား နှစ်ရှည်ငှားရမ်းရေးစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပသည်။

စက်မှုဝန်ကြီးဌာနမှာ မူလကစက်ရုံပေါင်း (၁၁၈)ရုံရှိခဲ့သည့်ရာမှ ပုဂ္ဂလိက စက်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်ဘတ်ဂျက်ကို ပြည်သူလူထုအတွက် လက်ငင်းအကျိုးရှိထိရောက်တဲ့နေရာတွေမှာ အသုံးပြုနိုင်ရေးတို့အတွက် စက်ရုံ (၅၉)ရုံကို ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိနေပါတယ်။ ပြည်ထောင်စု လွှတ်တော်၌ ဥပဒေကြမ်းပူးပေါင်းကော်မတီက တင်သွင်းခဲ့တဲ့ လေ့လာ တွေ့ရှိချက် အစီရင်ခံစာမှာ စက်မှုဝန်ကြီးဌာန၏ စက်ရုံများအနက် စက်ရုံ(၃၉) ရုံ နှင့် စပ်လျဉ်းပြီး

(၁)       လတ်တလော ယာယီရပ်ဆိုင်း၍ လေ့လာရေးသုံးသပ်ရေးကော်မတီ ဖွဲ့စည်းပြီး မည်ကဲ့သို့ဆက်လက်ဆောင်ရွက်သင့်သည်ကို လေ့လာသုံး သပ်သင့် သည့် စက်ရုံ (၃၄)ရုံ

( ၂)      ပြည်တွင်းပြည်ပမှ နည်းပညာနှင့်အရင်းအနှီးများ ဖိတ်ခေါ်၍ နိုင်ငံတော် နှင့် အကျိုးတူဆောင်ရွက်သင့်သည့် စက်ရုံ (၄)ရုံ နှင့်

(၃)       ပြည်ထောင်စုအစိုးရအဖွဲ့မှ ကြပ်မတ်၍ ဆက်လက်လုပ်ကိုင်သင့်သည့် လုပ်ငန်း(၁)ခုအဖြစ် ဖော်ထုတ်သုံးသပ်ဆွေးနွေးခဲ့ကြပြီးဖြစ်ပါတယ်။

By: 

Pages