Burmese

News

နေပြည်တော်၊ ဧပြီ (၁၂)
      စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် ရေတာရှည်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မိုးနိုင်တို့သည် (၁၂.၄.၂၀၁၈) ရက်နေ့ နေ့လယ်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သာဂရစက်မှုနယ်မြေရှိ အမှတ်(၁၅)အကြီးစားစက်ရုံသို့ရောက်ရှိပြီး သီးနှံ(စပါး) သိုလှောင်နိုင်မည့် တန်(၅၀ဝ)ဆံ့ Silo အစိတ်အပိုင်းများ ထုတ်လုပ်ပြီးစီးနေမှုအခြေအနေနှင့် ရခိုင်ပြည်နယ်သို့ ပို့ဆောင်ရန် စီစဉ် ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော်၊ ဧပြီ (၆)
     စက်မှုဝန်ကြီးဌာနသည် အစိုးရသစ်၏(၂)နှစ်တာကာလအတွင်း စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက် လျက်ရှိရာတွင် ထုတ်ကုန်ပစ္စည်းအရည်အသွေးများ ပိုမိုကောင်မွန်စေရေး၊ ဈေးကွက်ဝင်ပစ္စည်းများ တိုးချဲ့ထုတ်လုပ်ရေး၊ သုတေသနနှင့်ဆန်းသစ် တီထွင်မှုများပြုလုပ်ပြီး ထုတ်ကုန်အမယ်သစ်အမျိုးမျိုးကို တီထွင်ထုတ်လုပ်လျက်ရှိပါသည်။
နေပြည်တော်၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ  ၂၇
   စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် UNIDO Myanmar Regional Office ၏ Director and Representative ဖြစ်သူ Mr. Stein R. Hansen ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့ (၁၄:ဝ၀) နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
နေပြည်တော်၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၄
   စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် CNH Industrial Services Ltd. ၏ Business Director (Agriculture) ဖြစ်သူ Mr. Mustak Emre Karazli ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဟန်ဂေရီနိုင်ငံ၊ Csepel Holdings Plc. ၏ Board of Director တစ်ဦးဖြစ်သူ Mr. R. Kalaichelvan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့အား ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ (ဝ၉:ဝ၀) နာရီနှင့် (၁၃:ဝ၀) နာရီတို့တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ (၈)
     စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် (၈.၂.၂၀၁၈) ရက် နေ့တွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)တွင် ကျင်းပပြုလုပ်သည့် Great Myanmar Co., Ltd. မှ ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် တည်ဆောက်တပ်ဆင်ရန်အတွက် သီးနှံ (စပါး) သိုလှောင် Silo ပေးအပ်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
နေပြည်တော်၊ ‌၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ( ၁ )
     စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး H. E. Ms. Vanessa Chan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် (ဝ၉: ၃၀) နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

Pages