News

စက်မှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ် မဟာသင်္ကြန်အကြို မိသားစု ပျော်ပွဲရွှင်ပွဲ အခမ်းအနားကိုယနေညနေပိုင်းတွင် ရုံးအမှတ်(၃၇) ယာဉ်ရပ်နားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး နှင့် ဇနီး ဒေါ်သစ်သစ်အောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊
ဦးဆောင်ညွှန်ကြားရေးမှူးများ နှင့်ဇနီးများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုဝင်များပါဝင်ဆင်နွှဲကြသည်။

 

နေပြည်တော်၊ ဧပြီ (၈)
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၅)ရက်နေ့မှ (၇)ရက်နေ့ထိ အမှတ်(၇) စက်မှုသင်တန်းကျောင်း(မုံရွာ)၊ အမှတ် (၄) စက်မှု သင်တန်းကျောင်း (ပခုက္ကူ)၊ အမှတ် (၆) အထည်စက်ရုံ (ဆားလင်းကြီး) နှင့် အမှတ် (၅) အထည်စက်ရုံ(ပခုက္ကူ)တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ 

By: 

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် (၂၂.၂.၂၀၁၉) ရက်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးသုတေသနဌာန သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ ဌာနတာဝန်ခံမှ ဆေးဝါးအမယ်သစ်များ သုတေသနပြု တီထွင် စမ်းသပ် နေမှုအခြေအနေများကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတကာအဆင့်မီ စနစ်တကျလိုက်နာထိန်းချုပ် ဆောင်ရွက်ရေး၊ ပြည်သူများ ၏ကျန်းမာရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး အတွက်လိုအပ်သော ဆေးဝါးများ ထုတ်လုပ်နိုင်ရေးနှင့်အတူ ဆေးဝါး အမယ်သစ်များ ကိုလည်း တိုးမြှင့်ထုတ်လုပ်နိုင်ရေး အတွက် သုတေသနနှင့် တီထွင် စမ်းသပ်မှုများကို စဉ်ဆက်မပြတ

စက်မှုဝန်ကြီးဌာန၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီလ (၁၄)ရက်နေ့ နံနက် (ဝ၇:၄၅)နာရီအချိန်တွင် ရုံးအမှတ်(၃၇)၊ အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့်ဇနီးဒေါ်သစ်သစ်အောင်၊ အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ၎င်းတို့၏ ဇနီးများ နှင့် ဝန်ထမ်းများတက်ရောက် ကြည့်ရှုအားပေးခဲ့ကြပါသည်။

  

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် (၁၀.၂.၂၀၁၉) ရက်နေ့ ညနေပိုင်းတွင် အမှတ်(၁၅)အကြီးစားစက်ရုံ၌ ကျင်းပပြုလုပ်သည့် သာဂရစက်မှု နယ်မြေရှိ ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများအတွက် ဂုဏ်ပြုညစာစားပွဲနှင့် ပျော်ပွဲရွှင်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်အမှာစကားပြေကြားရာတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ၏ သက်သာချောင်ချိရေးကိစ္စရပ်များနှင့် လုပ်ငန်းခွင် ပျော်ရွှင်စေရေးတို့အတွက် တတ်နိုင်သလောက် ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ သာဂရစက်မှုနယ်မြေမှ ဝန်ထမ်းများ အနေဖြင့် အစိုးရသစ်၏ (၃)နှစ်တာကာလအတွင်း မှတ်ကျောက်တင်နိုင်သည့် လုပ်ငန်းများ ဖြစ်သည့် Ambulance ၊ Silo ၊ Turbine ၊ Vocational Trainin

“ပီလောပီနံဥမှ တန်ဖိုးမြှင့် ထုတ်ကုန် ပြုလုပ်သည့် နည်းပညာမျှဝေဆွေးနွေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ" ကျင်းပပြုလုပ်ခြင်းစက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနသည် PUM Netherlands Senior Experts အဖွဲ့အစည်းနှင့်ပူးပေါင်း၍ Value Added ထုတ်လုပ်ရန် အလားအလာရှိသော ပီလောပီနံ ထုတ်လုပ်၊ ရောင်းချပုံများနှင့် ပတ်သက်သော နည်းပညာများ မျှဝေဆွေးနွေးပေးနိုင်ရန် ရည်ရွယ်၍ “ပီလောပီနံဥမှ တန်ဖိုးမြှင့် ထုတ်ကုန် ပြုလုပ်သည့် နည်းပညာမျှဝေဆွေးနွေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ" ကို (၁.၂.၂၀၁၉) ရက်၊ သောကြာနေ့ နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီထိ SME Center၊ အမှတ် (၃၅)၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်

By: 

စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ MSMEs များကိုနည်းပညာများထောက်ပံ့ပေးလျက်ရှိသည့် PUM Netherlands Senior Experts အဖွဲ့အစည်းသို့ ချိတ်ဆက်ပြီးနည်းပညာအထောက်အပံ့များလျှောက်ထားနိုင်ကြောင်း သတင်းအချက်အလက်များ မျှဝေသည့်အလုပ်ရုံဆွေးနွေးပွဲကိုမကွေးတိုင်းဒေသကြီး SME Agency ၏ ပံ့ပိုးမှု ဖြင့် (၂၁.၁.၂၀၁၉) ရက်နေ့တွင် မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချူပ် ဒေါ်အေးအေးဝင်းနှင့် PUM အဖွဲ့အစည်းမှ ပညာရှင်များနှင့်ဖိတ်ကြားထားသူများတက်ရောက်ခဲ့က

By: 

     စက်မှုဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ရေးနှင့် တီထွင်ဖန်တီးမှုစွမ်းရည်တိုးတက်လာစေရန်အတွက် စက်မှုဝန်ကြီးဌာနနှင့် Tint Tint Myanmar Group of Companies တို့ပူးပေါင်း၍ လူ့စွမ်းအားအရင်းမြစ်ဖွံ့ဖြိုးရေးသင်တန်း(၆)ခုကို စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၄၁)၌ (၂၄.၁.၂၀၁၉)ရက်နေ့မှ (၂၆.၁.၂၀၁၉) ရက်နေ့ထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါသည်။
     အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၄.၁.၂၀၁၉)ရက်နေ့တွင် နံနက်(၁၀:ဝ၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါသင်တန်းသို့ စက်မှုဝန်ကြီးဌာနမှ သင်တန်းသား/သင်တန်းသူ (၂၄၁)ဦး တက်ရောက်ကြမည်ဖြစ်ပါသည်။
     စက်မှုဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်အစိုးရတို့မှ ပူးပေါင်း၍ ကရင်ပြည်နယ်၊ ဘားအံမြို့၊ cyclone shelter ၌ အခြေခံလျှပ်စစ် ကျွမ်းကျင်မှုရွေ့လျားသင်တန်းအမှတ်စဉ် (၅/၂၀၁၈)ကို (၂၁.၁၂.၂၀၁၈) ရက်နေ့မှ (၁၈.၁.၂၀၁၉)ရက်နေ့ထိ ဖွင့်လှစ်ခဲ့ပါသည်။ ၁၈.၁.၂၀၁၉ရက်နေ့တွင် သင်တန်းဆင်းပွဲအခမ်းအနားကို ဇွဲကပင်​ခန်းမ ၌ ကျင်းပခဲ့ရာ ကရင်ပြည်နယ် လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင်နှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးမိုးကျော်တို့မှ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပါသည်။

By: 

     စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသည် “အုန်းသီးမှ တန်ဖိုးမြှင့် လက်မှု လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့်သင်တန်း" ကို (၁၉.၁.၂၀၁၉) ရက်နေ့မှ (၂၅.၁.၂၀၁၉) ရက်နေ့ထိ အမှတ် (၅)၊ သလ္လာဝတီလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်လျှက်ရှိပါသည်။

By: 

Pages