၁။ စက်မှုဝန်ကြီးဌာန၊ အမှတ်(၃)အကြီးစား စက်မှုလုပ်ငန်းလက်အောက်ရှိ စက်ရုံများမှ အထည်ထုတ်ကုန် ပစ္စည်းများကို ဈေးပြိုင်စနစ်ဖြင့် အောက်ပါအစီအစဉ် အတိုင်းရောင်းချမည် ဖြစ်ပါသည် -
၂။ ရောင်းချမည့် ပစ္စည်းများ - ချည်မျှင်များ၊ ပိတ်ကြမ်းများ၊ အဖြူချွတ်ဆေးဆိုး၊ ပန်းရိုက်ပိတ်များ၊ ကျား-မ ဝတ်ချုပ်ထည်များ၊ သင်္ကန်းဒွိစုံအမျိုးမျိုး၊ အသင့်ချုပ်ပြီး နိုင်ငံတော်အလံအရွယ်အစား အမျိုးမျိုးနှင့် အခြားချုပ်ထည်များ
၃။ ဈေးပြိုင်ရောင်းချမည့်ရက် - ၃.၁၁.၂၀၁၆ ရက် (ကြာသပတေးနေ့)
၄။ ဈေးပြိုင်ရောင်းချမည့်အချိန် - နံနက် ၁၀ နာရီ
၅။ ဈေးပြိုင်ရောင်းချမည့်နေရာ - အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ ရန်ကုန်(ရုံးခွဲ)၊ အမှတ်(၁)သုခဝတီလမ်း(၆)ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့
၆။ အသေးစိတ်သိရှိလိုပါက ဖုန်း-၀၆၇-၄၀၈၁၅၇၊ ၀၆၇-၄၀၈၃၆၉၊ ၀၆၇-၄၀၈၂၁၃၊ ၀၁-၅၅၄၁၇၇၊ ၀၁-၅၅၈၃၃၆၊ ၀၁-၆၆၀၄၁၀ တို့သို့ ဆက်သွယ်စုံစမ်း နိုင်ပါသည်။
အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း