၁။ | နိုင်ငံပိုင်စက်မှုလုပ်ငန်းများမှ ထုတ်ကုန်များအား တိုးမြှင့်ထုတ်လုပ်ခြင်း၊ ဈေးကွက် လိုအပ်ချက်နှင့် ကိုက်ညီစေရန် သုတေသနပြုလုပ်ခြင်း၊ ဆန်းသစ်တီထွင် ထုတ်လုပ်ခြင်း၊ အရောင်းမြှင့်တင်ရေး အစီအစဉ်များ ပြုလုပ်ခြင်းတို့ဖြင့် အောင်မြင်မှုရရှိစေရန် ဆောင်ရွက်မည်၊ |
၂။ | ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများအား စာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ အကောင်အထည်ဖော်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ခြင်း၊ ကုန်ထုတ် လုပ်မှုနှင့်စီးပွားဖြစ်မှုအခြေအနေများကို စိစစ်သုံးသပ်၍ လုပ်ငန်းများရှင်သန်ရပ်တည်နိုင်ရေး အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းတို့ကြား ပူးပေါင်းဆောင်ရွက်ခြင်း၊ ပုဂ္ဂလိကမှ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရေးနှင့် နည်းပညာသစ်များ ထပ်တိုးနိုင်ရေး အားပေးခြင်းတို့ကို ဆောင်ရွက်မည်၊ |
၃။ | ရပ်နားထားသော နိုင်ငံပိုင်စက်ရုံများကို ပြန်လည် လည်ပတ်နိုင်ရေးအတွက် နည်းပညာ၊ ငွေကြေးရင်းနှီးမြှုပ်နှံမှု၊ ဈေးကွက်လိုအပ်ချက်နှင့် ကုန်ထုတ်သွင်းအားစုများ ရရှိနိုင်မှုအခြေအနေ၊ စီးပွားရေးတွက်ခြေကိုက်မှု အခြေအနေများပေါ်တွင် စိစစ်သုံးသပ်၍ ဆက်လက်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဖော်ထုတ်နိုင်ရန် ဆောင်ရွက်မည်၊ |
၄။ | အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအတွက် လိုအပ်သည့် ဈေးကွက်၊ နည်းပညာနှင့် ငွေကြေးအရင်းအနှီးများကို နိုင်ငံတော်နှင့် နိုင်ငံတကာအဖွဲ့အစည်းများထံမှ အကူ အညီအထောက်အပံ့ရရှိနိုင်ရန်နှင့် လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည်၊ |
၅။ | တည်ထောင်ပြီးစက်မှုဇုန်များနှင့် စက်မှုဇုန်အသစ်များ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးဆောင်ရွက်သွားမည်၊ |
၆။ | ဝန်ကြီးဌာနမှ ပြဋ္ဌာန်းထားရှိပြီးဖြစ်သည့် ဥပဒေများ၊ နည်းဥပဒေများ၊ မူဝါဒများ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ စက်မှုကဏ္ဍဆိုင်ရာလုပ်ငန်းများ အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးနှင့် စက်မှုကဏ္ဍဆိုင်ရာ စာရင်းဇယားများ ရရှိနိုင်ရေးအတွက် ကြီးကြပ်စစ်ဆေးခြင်း၊ မှတ်ပုံတင်ပေးခြင်း၊ အားပေးမြှင့်တင်ခြင်းများ ဆောင်ရွက်မည်၊ |
၇။ | လျှပ်စစ်သုံးယာဉ်ထုတ်လုပ်သည့် စက်မှုလုပ်ငန်းများနှင့် ဆက်စပ်ဝန်ဆောင်မှု လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရန်၊ မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု ကင်းစင်သော သယ်ယူပို့ဆောင်ရေးစနစ်ကို တည်ထောင်နိုင်ရန် ဦးတည်သော မူဝါဒ၊ လုပ်ငန်းစဉ်များချမှတ်၍ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်မည်၊ |
၈။ | နိုင်ငံတော်မှလိုအပ်လျက်ရှိသော ကျွမ်းကျင်လုပ်သားများ ဖြည့်ဆည်းပေးနိုင်ရေးအတွက် စက်မှု သင်တန်းကျောင်းများတွင် ပုံမှန်သင်တန်းများ၊ စက်မှုနှင့်အသက်မွေး ပညာရွေ့လျားသင်တန်း များနှင့် ကျွမ်းကျင်မှုအခြေပြု သင်တန်းများဖွင့်လှစ်ခြင်း၊ နည်းပြများ၏ စွမ်းဆောင်ရည်မြှင့်တင် ရေးအတွက် နည်းပြလေ့ကျင့်မွမ်းမံရေး သင်တန်းများသို့ တက်ရောက်စေခြင်း၊ သင်ရိုးညွှန်းတမ်း များ ပြုပြင်ပြောင်းလဲခြင်းနှင့် သင်တန်းများတိုးချဲ့ ဖွင့်လှစ်ခြင်းများ ဆောင်ရွက်သွားမည်၊ |
၉။ | သင်တန်းဆင်းများ၏ အရည်အသွေးအာမခံမှုရှိစေရေး၊ ကျွမ်းကျင်မှုစစ်ဆေးခံနိုင်စေရေးနှင့် ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ရရှိနိုင်ရေးတို့အတွက် သင်တန်းကျောင်းများတွင် သက်ဆိုင်ရာ အလုပ်အကိုင်အလိုက် မြန်မာနိုင်ငံကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA) အသိအမှတ်ပြုစစ်ဆေးအကဲဖြတ်ရေးဌာန (Assessment Center)များအဖြစ်ရရှိရေး ဆောင်ရွက်သွားမည်၊ |
၁၀။ | စွမ်းအင်ကို အကျိုးရှိထိရောက်စွာသုံးစွဲရေးနှင့် ထိန်းသိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် ဥပဒေ မူဘောင်များ ထွက်ပေါ်လာရေးနှင့် ပြန်ပြည့်မြဲစွမ်းအင်များ အသုံးချနိုင်ရေးအပါအဝင် ဆက်စပ်လုပ်ငန်းများအား ချမှတ်အကောင်အထည်ဖော်နိုင်ရေးတို့ကို ဆောင်ရွက်မည်၊ |
၁၁။ | ဓာတုပစ္စည်းသွင်းကုန်၊ ထုတ်ကုန်များကို နိုင်ငံတကာအသိအမှတ်ပြု အရည်အသွေး ထောက်ခံချက်များ အချိန်မီထုတ်ပေးနိုင်ရေးအတွက် မူလဓာတ်ခွဲခန်း တည်ဆောက်ခြင်းနှင့် ဓာတုစွန့်ပစ် ပစ္စည်းများကြောင့် လူသားများ၏ ကျန်းမာရေးနှင့် ဂေဟစနစ်များအား ထိခိုက်ခြင်းမှ ကာကွယ်မည့်အစီအမံများ ချမှတ်ခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်မည်၊ |
၁၂။ | လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များ ချမှတ်ရေးဆွဲဆောင်ရွက်မည်၊ |
၁၃။ | စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း အသစ်များအား ရေးဆွဲပြဋ္ဌာန်းနိုင်ရေးနှင့် ခေတ်စနစ်နှင့်အညီပြင်ဆင်နိုင်ရေး ဆောင်ရွက်သွားမည်၊ |
၁၄။ | သက်ဆိုင်ရာကဏ္ဍအလိုက် စံချိန်စံညွှန်းများ ရေးဆွဲဆောင်ရွက်သွားမည်၊ |
၁၅။ | စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေမည့် စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်။ |