THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY


လျှပ်စစ်အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ်ထုတ်ပေးခြင်း


Thu 19-01-2023

.

လျှပ်စစ်အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ်ထုတ်ပေးခြင်း
၁။    လျှပ်စစ်အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ်ထုတ်ပေးခြင်း (ဓာတ်အားခွဲရုံ၊ ဓာတ်အားလိုင်း၊ စက်ရုံ/အလုပ်ရုံ/ အဆောက်အဦ နှင့် အခြားလျှပ်စစ်ပစ္စည်းကိရိယာများ)
လိုင်စင်/ပါမစ်ထုတ်ပေးသည့်ဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန(လျှပ်စစ်စစ်ဆေးရေးဌာန)
ရည်ရွယ်ချက်  လျှပ်စစ်ဓာတ်အားကို အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်
လိုအပ်သည့်စာရွက် စာတမ်း (က)   လျှောက်ထားသူမှ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး စစ်ဆေး ပေးပါရန်လျှောက်လွှာ
  (ခ) လျှပ်စစ်ဓာတ်အားကို အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်
  (ဂ) Single line Diagram ၊ line Route Map၊ Catalogue နှင့် စံသတ်မှတ်ချက်
လုပ်ငန်းစဉ်အဆင့် (က) လျှောက်ထားသူသည် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အတွက် လိုအပ်သော ရွက်စာတမ်းများနှင့်တကွ လျှောက် လွှာကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသို့ တင်ပြ လျှောက်ထားရမည်။
  (ခ) မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ သတ်မှတ်ထားသည့် လျှပ်စစ်စွမ်းအားအင်ဂျင်နီယာလုပ်ငန်းများကို လုပ်ကိုင်နိုင် သည့် အင်ဂျင်နီယာ မှတ်ပုံတင်လက်မှတ် ပါရှိရမည်။ 
  (ဂ) Single Line Diagram၊စံသတ်မှတ်ချက်၊ Line Route Map၊ Catalogue များကိုလျှပ်စစ်စစ်ဆေးရေးမှ တာဝန်ရှိသူမှ စိစစ်ပါမည်။
  (ဃ) ‌လျှောက်လွှာတွင် ဖော်ပြထားသော စံသတ်မှတ်ချက်များနှင့် အညီ တည်ဆောက် တပ်ဆင်မှု ပြီးစီးပါက စစ်ဆေးရေး အဖွဲ့ သည် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ၏ သွယ်တန်း တပ်ဆင်မှုကို ကွင်းဆင်းစစ်ဆေးပါမည်။
  (င) စစ်ဆေးမည့်နေ့နှင့် လာရောက်စစ်ဆေးမည့်သူ အမည်ကို စစ်ဆေးမည့် အချက်များနှင့်တကွ  လျှောက်ထားသူထံ အကြောင်းကြားပါမည်။
  (စ) စစ်ဆေးပြီးနောက် ပြုပြင်ရန်အချက်များရှိပါက (၇) ရက်အတွင်းအပြီး ဆောင်ရွက်ရမည်ဖြစ်ပြီး ပြင်ဆင်ပြီး၍ လိုအပ်လျှင် နောက်တစ်ကြိမ် ထပ်မံစစ်ဆေးမည် ဖြစ်ပါသည်။ 
  (ဆ) စစ်ဆေးခကို မြန်မာ့စီးပွားရေးဘဏ်ရှိ သတ်မှတ်ငွေစာရင်း ခေါင်းစဉ်သို့ စစ်ဆေးပြီးနောက် (၇) ရက်အတွင်း ပေးသွင်းရ မည်ဖြစ်ပြီးမူရင်းချလံ (၁) စောင်ကို ဌာနသို့ ပြန်လည်ပေးပို့ရ မည် ဖြစ်ပါသည်။
  (ဇ) စစ်ဆေးခြင်းနှင့် စစ်ဆေးခ ပေးသွင်းပြီးနောက် (လိုအပ်ပါ က တပ်ဆင်မှုများတွင် ပြင်ဆင်မှုများ ဆောင်ရွက်ပြီးမှသာ) လျှပ်စစ်အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ်ထုတ်ပေးမည် ဖြစ်ပါသည်။
ကုန်ကျစရိတ် နောက်ဆက်တွဲ (က)
ကြာမြင့်ချိန် ရုံးဖွင့်ရက် အများဆုံး ၇ ရက်
လျှောက်ထားရမည့်နေရာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန
Online စနစ်ဖြင့် ဆောင်ရွက်နိုင်ခြင်း လျှောက်လွှာအား Email ဖြင့်ပေးပို့လျှောက်ထားနိုင်ပြီး စစ်ဆေးရေး လုပ်ငန်းများကို ကွင်းဆင်း၍ စစ်ဆေးရပါသည်။
လက်မှတ်ရေးထိုးသည့်ရာထူး/အဆင့် ညွှန်ကြားရေးမှူး၊ လျှပ်စစ်စစ်ဆေးရေးဌာန/ စစ်ဆေးရေးမှူး၊ လျှပ်စစ်စစ်ဆေးရေးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်
ဥပဒေ/နည်းဥပဒေအရထုတ်ပေးခြင်းဖြစ်ပါကဥပဒေ/ နည်းဥပဒေ အမည်နှင့်အညွှန်းပုဒ်မ/ အပိုဒ်နံပါတ်

လျှပ်စစ်ဥပဒေ(၂၀၁၄)၊ ပုဒ်မ(၃၂)  (ဃ)

လျှပ်စစ်နည်းဥပဒေ   ၉၂ (က)၊ (ခ)

မှတ်ချက် ဗို့အားမြင့် ဓာတ်အားခွဲရုံ စစ်ဆေးခြင်းအတွက် လျှပ်စစ်တိုင်းတာရေး ကိရိယာများအား စစ်ဆေးလိုသူမှ သယ်ယူပေးရမည် ဖြစ်ပါသည်။
၂။   လျှပ်စစ်အန္တရာယ် ကင်းရှင်းကြောင်းလက်မှတ်/ အရည်အသွေးစစ်ဆေးခြင်းလက်မှတ်     (ပြည်တွင်းဖြစ် လျှပ်စစ်ပစ္စည်းထုတ်လုပ်မှု)
လိုင်စင်/ပါမစ်ထုတ်ပေးသည့်ဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန(လျှပ်စစ်စစ်ဆေးရေးဌာန)
ရည်ရွယ်ချက် ပြည်တွင်းဖြစ်လျှပ်စစ်ပစ္စည်းကိရိယာများအား အရည်အသွေးပြည့်မှီ စေရန်နှင့် အသုံးပြုရာတွင် အန္တရာယ်ကင်းရှင်းစေရန်
လိုအပ်သည့်စာရွက်စာတမ်း (က) Company Letter Head ပါသော စစ်ဆေးပေးပါရန် လျှောက်လွှာ
  (ခ) ကုမ္ပဏီမှတ်ပုံတင်လက်မှတ်မိတ္တူ
  (ဂ) Test Certificate၊ စံသတ်မှတ်ချက်နှင့် အသေးစိတ် ဖော်ပြချက်များ
လုပ်ငန်းစဉ်အဆင့် (က) လျှောက်ထားသူသည် လျှပ်စစ်စစ်ဆေးရန်အတွက် လိုအပ် သော စာရွက်စာတမ်းများနှင့် တကွ လျှောက်လွှာကို စက်မှု  ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ လျှပ်စစ်စစ်ဆေးရေး ဌာန (ရုံးချုပ်) သို့ တင်ပြ လျှောက်ထားရမည်။
  (ခ) လျှောက်လွှာပုံစံနှင့် စံချိန်စံညွှန်း၊ နည်းပညာဆိုင်ရာ သတ် မှတ်ချက်တို့ကို လျှပ်စစ်စစ်ဆေးရေးဌာနမှ စိစစ်ပါမည်။
  (ဂ) ပြည်တွင်းဖြစ် လျှပ်စစ်ပစ္စည်းများနှင့် ပြည်ပမှ တင်သွင်း သည့် လျှပ်စစ်ပစ္စည်းများအား စစ်ဆေးမှုခံယူရန် ဓာတ်ခွဲခန်း သို့ ပေးပို့ရပါမည်။ (လျှပ်စစ်စစ်ဆေးဓာတ်ခွဲခန်းသည် အမှတ် (၃၅)၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ တွင် ရှိပါသည်။)
  (ဃ) ဓာတ်ခွဲခန်းတွင်လျှပ်စစ်ပစ္စည်းအရည်အသွေးကိုစစ်ဆေးပါမည်။ 
  (င) စစ်ဆေးခကို မြန်မာ့စီးပွားရေးဘဏ်ရှိ သတ်မှတ် ငွေစာရင်း ခေါင်းစဉ်သို့ စစ်ဆေးပြီးနောက် (၇)ရက် အတွင်း ပေးသွင်းရ မည်ဖြစ်ပြီး မူရင်းချလံ (၁) စောင်ကို ဌာနသို့ ပြန်လည်ပေးပို့ ရမည် ဖြစ်ပါသည်။
  (စ) စစ်ဆေးခြင်းနှင့် စစ်ဆေးခ ပေးသွင်းပြီးနောက် လျှပ်စစ် စစ်ဆေးရေးဌာနသည် ပြည်တွင်းဖြစ် လျှပ်စစ်ပစ္စည်း အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ် ထုတ်‌ပေးပါမည်။
ကုန်ကျစရိတ် နောက်ဆက်တွဲ (က)
ကြာမြင့်ချိန် ရုံးဖွင့်ရက် အများဆုံး ၇ ရက်
လျှောက်ထားရမည့်နေရာ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ လျှပ်စစ်စစ်ဆေးရေးဌာန (ရုံးချုပ်) 
Online စနစ်ဖြင့်ဆောင်ရွက်နိုင်ခြင်း လျှောက်လွှာအား Email ဖြင့်ပေးပို့လျှောက်ထားနိုင်ပြီး စစ်ဆေးရေး လုပ်ငန်းများကို လျှပ်စစ်စစ်ရေး ဓာတ်ခွဲခန်းတွင် စစ်ဆေးရပါမည်။
လက်မှတ်ရေးထိုးသည့်ရာထူး/အဆင့် ညွှန်ကြားရေးမှူး၊ လျှပ်စစ်စစ်ဆေးရေးဌာန
ဥပဒေ/ နည်းဥပဒေ အမည်နှင့် အညွှန်း ပုဒ်မ/ အပိုဒ်နံပါတ်

လျှပ်စစ်ဥပဒေပုဒ်မ  ၃၂ (က)၊ (ဃ)

လျှပ်စစ်နည်းဥပဒေ   ၉၂  (ဂ)၊  (ဃ)

၃။    ဂျင်နရေတာစစ်ဆေးခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာမှတ်ပုံလက်မှတ်ထုတ်ပေးခြင်း
လိုင်စင်/ ပါမစ်ထုတ်ပေးသည့်ဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန(လျှပ်စစ်စစ်ဆေးရေးဌာန)
ရည်ရွယ်ချက်  ဂျင်နရေတာ (လျှပ်ထုတ်စက်) အား အသုံးပြုရာတွင် အန္တရာယ်ကင်းရှင်းစေရန်
လိုအပ်သည့်စာရွက်စာတမ်း (က) Company Letter Head ပါသော စစ်ဆေးပေးပါရန် လျှောက်လွှာ
  (ခ) Company မှတ်ပုံတင်လက်မှတ်မိတ္တူ
  (ဂ) လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ပြုမိန့် (လိုအပ်ပါက)
  (ဃ) Test Certificate၊ စံသတ်မှတ်ချက်နှင့်အသေးစိတ်ဖော်ပြ ချက်များ
  (င) ဌာနမှနောက်ဆုံးထုတ်ပေးထားသည့် လျှပ်စစ်အန္တရာယ် ကင်းရှင်းလက်မှတ် (လိုအပ်ပါက)
လုပ်ငန်းစဉ်အဆင့် (က) လျှောက်ထားသူသည် လျှပ်စစ်စစ်ဆေးရန်အတွက် လိုအပ် သော စာရွက်စာတမ်းများနှင့်တကွ လျှောက်လွှာကို သက် ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ တင်ပြ လျှောက်ထားရမည်။
  (ခ) လျှောက်လွှာပုံစံနှင့် စံချိန်စံညွှန်း နည်းပညာဆိုင်ရာ သတ် မှတ်ချက်တို့ကို လျှပ်စစ်စစ်ဆေးရေးဌာနမှ စိစစ်ပါမည်။
  (ဂ) စစ်ဆေးမည့်နေ့နှင့် လာရောက် စစ်ဆေးမည့်သူအမည်ကို စစ်ဆေးမည့် အချက်များနှင့်တကွ လျှောက်ထားသူထံ အကြောင်းကြားပါမည်။
  (ဃ)  လျှောက်လွှာတွင် ဖော်ပြထားသော စံသတ်မှတ်ချက်များနှင့်အညီ တည်ဆောက်ပြီးစီးပါက စစ်ဆေးရေးအဖွဲ့သည် လျှပ်ထုတ်စက်နှင့်လျှပ်စစ်သွယ်တန်း တပ်ဆင်မှုများအား မြေပြင် ကွင်းဆင်းစစ်ဆေးပါမည်။
  (င) စစ်ဆေးပြီးနောက် ပြင်ဆင်ရန် လိုအပ်သည်များကို ၇ ရက် အတွင်း အပြီးဆောင်ရွက်ရပါမည်။
  (စ) ပြင်ဆင်မှုအစီရင်ခံစာရရှိပြီးနောက်နှင့် စစ်ဆေးမှုမှတ်တမ်း များကို စစ်ဆေးသူတို့အား တင်ပြပြီးနောက် လိုအပ်ပါက စစ်ဆေးမှုကို နောက်တစ်ကြိမ် ထပ်မံစစ်ဆေးပါမည်။
  (ဆ) စစ်ဆေးခကိုမြန်မာ့စီးပွားရေးဘဏ်ရှိ သတ်မှတ် ငွေစာရင်း ခေါင်းစဉ်သို့ စစ်ဆေးပြီးနောက်(၇)ရက် အတွင်း ပေးသွင်းရမည်ဖြစ်ပြီး မူရင်း ချလံ(၁) စောင်ကို ဌာနသို့ ပြန်လည်ပေးပို့ရမည်ဖြစ်ပါသည်။
  (ဇ) စစ်ဆေးခြင်းနှင့် စစ်ဆေးခ ပေးသွင်းပြီးနောက် (လိုအပ်ပါက တပ်ဆင်မှုများတွင် ပြင်ဆင်မှုများ ဆောင်ရွက်ပြီးမှသာ) လျှပ်စစ်စစ်ဆေးရေးဌာနသည် လျှပ်စစ်အန္တရာယ်ကင်းရှင်းကြောင်း  စစ်ဆေးပြီးဖြစ်ပါ၍ ထုတ်လုပ်ခြင်းနှင့် အသုံးပြုခြင်းမှတ်ပုံတင်လက်မှတ်ကို ထုတ်ပေးပါသည်။
ကုန်ကျစရိတ် နောက်ဆက်တွဲ (က)
ကြာမြင့်ချိန် ရုံးဖွင့်ရက် အများဆုံး ၇  ရက်
လျှောက်ထားရမည့်နေရာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန
Online စနစ်ဖြင့်ဆောင်ရွက်နိုင်ခြင်း လျှောက်လွှာအား Email ဖြင့်ပေးပို့လျှောက်ထားနိုင်ပြီး စစ်ဆေးရေး လုပ်ငန်းများကို ကွင်းဆင်း၍ စစ်ဆေးရပါသည်။
လက်မှတ်ရေးထိုးသည့်ရာထူး/အဆင့် စစ်ဆေးရေးမှူး၊လျှပ်စစ်စစ်ဆေးရေးဌာန၊တိုင်းဒေသကြီး/ပြည်နယ်/ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် 
ဥပဒေ/ နည်းဥပဒေ အမည်နှင့် အညွှန်း ပုဒ်မ/ အပိုဒ်နံပါတ် လျှပ်စစ်ဥပဒေပုဒ်မ(၃၂) (င)
၄။    ဓာတ်လှေကား၊စက်လှေကား စစ်ဆေးခြင်းနှင့် အသုံးပြုခွင့်လက်မှတ်ထုတ်ပေးခြင်း
လိုင်စင်/ပါမစ်ထုတ်ပေးသည့်ဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန(လျှပ်စစ်စစ်ဆေးရေးဌာန)
ရည်ရွယ်ချက်  ဓာတ်လှေကား/ စက်လှေကားများကို အများပြည်သူများ အသုံးပြု ရာတွင်အန္တရာယ်ကင်းရှင်းစေရန်
လိုအပ်သည့်စာရွက် စာတမ်း (က) Company Letter Head ပါသော အပေါ်စာ
  (ခ) ဓာတ်လှေကား/စက်လှေကားတည်ဆောက်ခွင့်ပြုမိန့်(မိတ္တူ) နှင့် ထုတ်လုပ်သူဘက်မှ ပေးသော Test Certificate
  (ဂ) ဤဌာနမှထုတ်ပေးသော ဓာတ်လှေကားအသုံးပြုခွင့်လက်မှတ် မိတ္တူ
  (ဃ)   ပြုပြင်ထိန်းသိမ်းရသော ကုမ္ပဏီ/အဖွဲ့အစည်း၏ တာဝန်ယူ ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သဘောတူညီမှု အထောက်အထားနှင့် Maintenance Service Sheet များ
  (င) ဓာတ်လှေကား/  စက်လှေကားဆိုင်ရာ နည်းပညာ သတ်မှတ် ချက်များ၊ Catalogue ၊ Test Certificate နှင့်အဆောက်အဦ ခံနိုင်ရည်ရှိမှု ထောက်ခံချက်
လုပ်ငန်းစဉ်အဆင့် (က) လျှောက်ထားသူသည်ဓာတ်လှေကား/စက်လှေကား စစ်ဆေးရန် လိုအပ်သော ရွက်စာတမ်းများနှင့်တကွ လျှောက်လွှာကို သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသို့ တင်ပြလျှောက်ထားရမည်။
  (ခ) စစ်ဆေးမည့်နေ့နှင့် လာရောက် စစ်ဆေးမည့်သူ၏အမည်ကို လျှောက်ထားသူထံ အကြောင်းကြားပါမည်။
  (ဂ) စစ်ဆေးပြီးနောက် ပြင်ဆင်ရန် လိုအပ်သည်ဟု မှတ်ချက်ပြုသည်များကို (၇) ရက်အတွင်း အပြီးဆောင်ရွက်ရမည်ဖြစ်ပါသည်။
  (ဃ) ပြင်ဆင်ခြင်းလုပ်ငန်းပြီးစီးလျှင် နောက်တစ်ကြိမ် ထပ်မံ စစ်ဆေးပါမည်။
  (င) စစ်ဆေးပြီးနောက် စစ်ဆေးခ ကို မြန်မာ့စီးပွားရေးဘဏ်တွင် ပေးသွင်းရမည်ဖြစ်ပြီး ငွေသွင်းချလန်ကိုလျှပ်စစ်စစ်ဆေးရေး ဌာနသို့ ပေးပို့ရပါမည်။ 
  (စ) စစ်ဆေးခ ပေးသွင်းပြီးနောက် စစ်ဆေးရေးမှူးချုပ်၏ မှတ် ချက်မရှိလျှင် ဓာတ်လှေကား/ စက်လှေကား အသုံးပြုခွင့် လက်မှတ်ထုတ်ပေးပါမည်။
ကုန်ကျစရိတ် နောက်ဆက်တွဲ (က)
ကြာမြင့်ချိန် ရုံးဖွင့်ရက် အများဆုံး ၇ ရက်
လျှောက်ထားရမည့်နေရာ     သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန
Online စနစ်ဖြင့် ဆောင်ရွက်နိုင်ခြင်း လျှောက်လွှာအား Email ဖြင့်ပေးပို့လျှောက်ထားနိုင်ပြီး စစ်ဆေးရေး လုပ်ငန်းများကို ကွင်းဆင်း၍ စစ်ဆေးရပါသည်။
လက်မှတ်ရေးထိုးသည့်ရာထူး/အဆင့် ညွှန်ကြားရေးမှူး၊ လျှပ်စစ်စစ်ဆေးရေးဌာန
ဥပဒေ/ နည်းဥပဒေ အမည်နှင့်အညွှန်းပုဒ်မ/ အပိုဒ်နံပါတ် လျှပ်စစ်ဥပဒေပုဒ်မ(၃၂)၊ နည်းပဒေ  ၉၁ (ခ)
မှတ်ချက်  ဓာတ်လှေကား၊ စက်လှေကားများ၏ အသုံးပြုခွင့်လက်မှတ် သက် တမ်းမှာ ထုတ်ပေးသည့်နေ့မှစ၍ (၁)နှစ် ဖြစ်ပါသည်။
ဝန်ဆောင်ခများစာရင်း
စဉ် စစ်ဆေးရမည့် ပစ္စည်းအမျိုးအစား စစ်ဆေးခ (ကျပ်ငွေ) မှတ်ပုံတင်ခ (ကျပ်ငွေ)
၁။ စက်ရုံ၊ စက်မှုလုပ်ငန်း   -
  (က) လျှပ်စစ်စီးကူးမှုခံနိုင်အား စစ်ဆေးခြင်း ၁၀၀၀ -
  (ခ) မြေချစနစ် ၅၀၀  
၂။ မီးစက်များ    
  (က) ၁ ကေဗွီအေမှ ၂၅ ကေဗွီအေ ၁၀၀၀ ၁၀၀၀
  (ခ) ၂၆ ကေဗွီအေမှ ၅၀ ကေဗွီအေ ၁၂၀၀ ၂၀၀၀
  (ဂ) ၅၁ ကေဗွီအေမှ ၁၀၀ ကေဗွီအေ ၁၄၀၀ ၅၀၀၀
  (ဃ)  ၁၀၁ ကေဗွီအေမှ ၂၀၀ ကေဗွီအေ ၁၆၀၀ ၇၅၀၀
  (င)  ၂၀၁ ကေဗွီအေမှ ၅၀၀ ကေဗွီအေ ၂၀၀၀ ၁၀၀၀၀
  (စ) ၅၀၁ ကေဗွီအေမှအထက်     ၃၀၀၀ ၁၅၀၀၀
၃။ ဓာတ်လှေကားနှင့် စက်လှေကား     
  (က) လူစီး ၁၀၀၀၀ ၂၀၀၀၀
  (ခ) ကုန်တင် ၃၀၀၀၀ ၆၀၀၀၀
  (ဂ) Service ၂၀၀၀၀ ၂၀၀၀၀
  (ဃ) ခွင့်ပြုမိန့်လက်မှတ်ထုတ်ပေးခ - -
  အသစ်တပ်ဆင်ထားသော ဓာတ်လှေကား နှင့် စက်လှေကားများ စစ်ဆေးခ    
  (က) လူစီး ၃၀၅၀၀ -
  (ခ) ကုန်တင် ၉၀၅၀၀ -
  (ဂ) Service ၄၀၅၀၀ -
  ဓာတ်လှေကားနှင့် စက်လှေကား အသုံးပြု ခွင့်လက်မှတ်၊ အသစ်လဲလှယ်ခြင်း၊စစ်ဆေးခ    
  (က) လူစီး ၁၀၅၀၀ -
  (ခ) ကုန်တင် ၃၀၅၀၀ -
  (ဂ) Service     ၂၀၅၀၀ -
၄။ လျှပ်စစ်ပစ္စည်းကိရိယာများ    
  (က) ဂဟေဆော်စက် ၁ မှ ၅ ကေဗွီအေ ၁၂၀၀ -
  (ခ) ဂဟေဆော်စက် ၆ မှ ၁၅ ကေဗွီအေ ၁၅၀၀ -
  (ဂ) ဂဟေဆော်စက် ၁၆ ကေဗွီအေနှင့် အထက် ၃၀၀၀ -
  (ဃ) ဘက်ထရီအားသွင်းစက်  ၅၀၀ -
  (င) အပူပေးစက် (တစ်ယူနစ်အတွက်)     ၆၀၀ -
၅။ အများသုံး အဆောက်အဦများစစ်ဆေးခြင်း    
  (က) သာမန် ဧည့်ဂေဟာ ၆၀၀၀ -
  (ခ) မီးအားမြှင့်စက်သုံး ဧည့်ဂေဟာ ၁၅၀၀၀ -
  (ဂ) ဟိုတယ်နှင့် မိုတယ်များ ၅၀၀၀၀ -
  (ဃ) သာမန် ရုပ်ရှင်ရုံ ၁၀၀၀၀ -
  (င) ဒစ်ဂျစ်တယ် ရုပ်ရှင်ရုံ      ၃၀၀၀၀ -
၆။ ပါဝါမီတာအသစ်များနှင့် ဓာတ်အားခွဲရုံများစစ်ဆေးခြင်း    
  (က) ၃၀၀ ကေဗွီအေနှင့် အောက် ၂၀၀၀၀ -
  (ခ) ၃၀၀ ကေဗွီအေမှ ၅၀၀ ကေဗွီအေ အောက် ၃၀၀၀၀ -
  (ဂ) ၅၀၀ ကေဗွီအေမှ ၇၅၀ ကေဗွီအေအောက် ၄၀၀၀၀ -
  (ဃ) ၇၅၀ ကေဗွီအေမှ ၁၀၀၀ ကေဗွီအေ အောက် ၅၀၀၀၀ -
  (င)  ၁၀၀၀ ကေဗွီအေနှင့် အထက် ၆၀၀၀၀ -
  (စ) ၆၆/၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံများ ၂၀၀၀၀၀ -
  (ဆ) ပါဝါမီတာအသစ် စစ်ဆေးခ     ၁၀၀၀၀ -

 




Top