-
| နောက်ခံသမိုင်း |
၁။ မြန်မာ့ဆေးဝါးလုပ်ငန်းသည် စက်မှုဝန်ကြီးဌာနရှိ စက်မှုလုပ်ငန်း(၄)ခုအနက် ဆေးဝါးထုတ်လုပ် မှုလုပ်ငန်းကို အဓိကဆောင်ရွက်နေသော လုပ်ငန်း(၁)ခုဖြစ်ပါသည်။ ဆေးဝါးနှင့်အိမ်သုံးပစ္စည်းလုပ်ငန်း ကော်ပိုရေးရှင်းနှင့် စားသောက်ကုန်လုပ်ငန်းကော်ပိုရေးရှင်းတို့ကို ၁၉၇၂ ခုနှစ်တွင် စတင်တည်ထောင် ခဲ့ပြီး ၁၉၈၉ ခုနှစ်နောက်ပိုင်းတွင် စျေးကွက်စီးပွားရေးစနစ်အရ မြန်မာ့ဆေးဝါးနှင့်အိမ်သုံးပစ္စည်း လုပ်ငန်းနှင့် မြန်မာ့စားသောက်ကုန်လုပ်ငန်းအမည်တို့ဖြင့် အသီးသီးဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ (၁-၈-၂၀၁၀)ရက်နေ့တွင် မြန်မာ့ဆေးဝါးနှင့်အိမ်သုံးပစ္စည်းလုပ်ငန်း နှင့် မြန်မာ့စားသောက်ကုန်လုပ်ငန်း တို့ကို ပေါင်းစည်း၍ မြန်မာ့ဆေးဝါးနှင့်စားသောက်ကုန်လုပ်ငန်းအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၂-၁၂-၂၀၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၉၅/၂၀၁၁ အရ အမှတ်(၁)စက်မှုဝန်ကြီးဌာနနှင့် အမှတ်(၂)စက်မှုဝန်ကြီးဌာနတို့အား စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ရာတွင် ဆေးဝါးနှင့်စားသောက်ကုန်လုပ်ငန်းအဖြစ် ပါဝင်ခဲ့ပါသည်။
၃။ စက်မှုဝန်ကြီးဌာန၏ ဖွဲ့စည်းပုံကို ၂၅-၃-၂၀၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၇/၂၀၁၅) မှ သဘောတူခွင့်ပြုချက်အရ ၁-၄-၂၀၁၅ ရက်နေ့မှစ၍ ပြင်ဆင်ဖွဲ့စည်းခဲ့ရာတွင် မြန်မာ့ဆေးဝါးလုပ်ငန်းအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၅)မှ သဘောတူဆုံးဖြတ်ချက်အရ မြင်းနှင့်သိုးမွေးမြူရေးစခန်းအား ဖွဲ့စည်းပုံလျှော့ချခဲ့ပြီး မြန်မာ့ဆေးဝါးလုပ်ငန်း(ရုံးချုပ်)၊ ဆေးဝါးစက်ရုံ(အင်းစိန်)၊ ဆေးဝါးစက်ရုံ(အင်ရောင်း)နှင့် ဆပ်ပြာစက်ရုံ(မန္တလေး)အဖြစ် ယနေ့တိုင် ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာ့ဆေးဝါးလုပ်ငန်းရှိ စက်ရုံများ
(က) ဆေးဝါးစက်ရုံ(အင်းစိန်)
(ခ) ဆေးဝါးစက်ရုံခွဲ(ရွာသာကြီး)
(ဂ) ဆေးဝါးစက်ရုံ(အင်ရောင်း)
(ဃ) ဆပ်ပြာစက်ရုံ(မန္တလေး)