EECD
စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ကြီးကြပ်မှုအောက်တွင် စွမ်းအင်ခြိုးခြံချွေတာရေးဌာနသည် ကဏ္ဍစုံ၌ စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေးလုပ်ငန်းများ (Energy Efficiency Activities) ကို ထိထိရောက်ရောက် ဦးဆောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ၂၀၁၄ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့ အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၁၄) အရ ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာ Energy Efficiency Focal ဌာနတစ်ခုအဖြစ် စတင်ဖွဲ့စည်းခဲ့ပါသည်။
Figure: ဌာနဖွဲ့စည်းပုံ
အမျိုးသားအဆင့် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးနှင့်ထိန်းသိမ်းရေးမူဝါဒ (၂၀၁၆) ရည်မှန်းချက်များမှာ ၂၀၁၂ ခုနှစ် စွမ်းအင်သုံးစွဲမှုကို အခြေခံ၍ ၂၀၃၀ ပြည့်နှစ်တွင် (၂၀) % လျှော့ချ သွားရန် ဖြစ်ပါသည်။ မူဝါဒ၊ ရည်မှန်းချက်များ ပြည့်မီရေးအတွက် စွမ်းအင်အကျိုးရှိ ထိရောက်စွာ သုံးစွဲရေး လုပ်ငန်းများ (Energy Efficiency Activities) ကို စက်မှုကဏ္ဍ၊ အဆောက်အဦကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍနှင့် စက်ပစ္စည်းကိရိယာများ စွမ်းအင်စွမ်းဆောင်ရည်သတ်မှတ်ရေးကဏ္ဍ စသည် ဖြင့် ကဏ္ဍစုံတွင် ဦးဆောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးဆိုင်ရာ ဆောင်ရွက်ချက်များ
မြန်မာနိုင်ငံတွင် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးဆိုင်ရာ ဥပဒေမူဘောင်တစ်ရပ် ပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးနှင့် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေမူကြမ်းကို ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရေးဆွဲပြုစုလျက်ရှိပါသည်။
အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် စက်ပစ္စည်းကိရိယာများအတွက် စွမ်းအင်စွမ်းဆောင်ရည် Minimum Energy Performance Standard (MEPS) သတ်မှတ်နိုင်ရန်နှင့် စွမ်းအင် အမှတ်တံဆိပ် (Energy Label) ကပ်နှိပ်နိုင်ရန် ရည်ရွယ်၍ အိမ်သုံးလျှပ်စစ်ပစ္စည်းများ မှတ်ပုံတင်ခြင်းစနစ် (Online Product Registration System) ဆောင်ရွက်နိုင်ရေးအတွက် Website အား ရေးဆွဲလျက်ရှိပြီး မကြာမီတွင် စတင်အသုံးပြုနိုင်တော့မည် ဖြစ်ပါသည်။
Figure: စွမ်းအင်စွမ်းဆောင်ရည် သတ်မှတ်ချက်ဆိုင်ရာ မှတ်ပုံတင်နိုင်သည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ
စက်ရုံ၊ အလုပ်ရုံများ၊ စီးပွားရေးအဆောက်အဦများနှင့် ရုံးအဆောက်အဦများတွင် စွမ်းအင် သုံးစွဲမှု စစ်ဆေးခြင်း (Energy Audit) လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း
ပုံ - စက်ရုံများတွင် စွမ်းအင်သုံးစွဲမှု စစ်ဆေးသည့် မှတ်တမ်းဓာတ်ပုံများ
စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲနိုင်ရေးဆိုင်ရာ သင်တန်းများပို့ချခြင်း
ပုံ - စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲနိုင်ရေးဆိုင်ရာ သင်တန်းများပို့ချသည့် မှတ်တမ်းဓာတ်ပုံများ
ပြည်သူများအတွက် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးဆိုင်ရာ အသိပညာများ မြှင့်တင်နိုင်ရေး အစီအစဉ်များ ဆောင်ရွက်ခြင်း
စွမ်းအင်ခြိုးခြံချွေတာရေးဌာနအနေဖြင့် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲနိုင်ရေးဆိုင်ရာ လုပ်ငန်းများအား ကဏ္ဍအလိုက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၊ အာဆီယံနိုင်ငံများနှင့် မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။