.
Location Map
Factory Layout Plan
တည်နေရာ
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း -မုံရွာကားလမ်း၏မြောက်ဘက်၊ မိုင်တိုင်အမှတ်(၂၁)တွင် တည်ရှိပါသည်။
စက်ရုံသမိုင်း
၁၉၈၇ ခုနှစ် ဧပြီလတွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၀ ခုနှစ်တွင် ကုန်ထုတ်လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပါသည်။ အထည်အလိပ် လုပ်ငန်းလက်အောက်ရှိ အထည်စက်ရုံများမှ လုပ်ငန်းအခြေအနေအရ ခွဲဝေပေးနိုင်သည့် စက်အချို့ကို လိုအပ်သည့် ပြင်ဆင်မှုများ၊ ဖြည့်စွက်မွမ်းမံမှုများ ပြုလုပ်လွှဲပြောင်း တပ်ဆင်ခဲ့ခြင်း ဖြစ်ပါသည်။ ၂၀၁၈ ခုနှစ် ဧပြီလမှ စတင်၍ Eastern Development International (Myanmar) Co.,Ltd နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။
မြေအကျယ်အဝန်း | စုစုပေါင်းဧရိယာ | ၂၆၁.၉၂ ဧက |
(က)ပင်မစက်ရုံ | ၁၄.၂၆ ဧက | |
(ခ) ဝန်ထမ်းအိမ်ရာ | ၇၅.၈၂ ဧက | |
(ဂ) လုံခြုံရေးနှင့်လမ်း/ချောင်း/နေကာဧက | ၁၄၉.၃၆ ဧက | |
(ဃ) ပညာရေးငှားရမ်းမြေ | ၂၂.၄၈ ဧက | |
ထုတ်ကုန်ပစ္စည်းများ | - | |
(က) ဂျာကင်အင်္ကျီအမျိုးမျိုး | ||
(ခ) ဘောင်းဘီ | ||
(ဂ) ဝေ့စ်ကုတ် | ||
(ဃ) သင်္ကန်း |
ဝန်ထမ်းအင်အား - ၄၂၀ ဦး
ကုမ္ပဏီဝန်ထမ်း - ၅၄၆ ဦး
အသုံးပြုမှု | ||
(က) လျှပ်စစ်ဓါတ်အား | - | 33KV လိုင်း |
Power Transmission Line နှင့်အကွာအဝေး | - | အုန်းတောပင်မဓါတ်အားစက်ရုံမှ ၁ မိုင် အကွာတွင် ရှိပါသည်။ |
(ခ) ဘွိုင်လာ | - | - |
(ဂ) ရေ | ||
အရင်းအမြစ် | - | မြေအောက်ရေတွင်း |
ထုတ်ယူသုံးစွဲမှု | - | ၂၀,၀၀၀ ဂါလန်/နေ့ |
တပ်ဆင်ထားသောစက်များ | |||
(က) | ကုမ္ပဏီအပ်ချုပ်စက် | - | ၈၆၃လုံး |
Eastern Development International (Myanmar) Co.,Ltd. နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် AoD လက်မှတ်ရေးထိုးထားပါသဖြင့် ကုမ္ပဏီမှ တပ်ဆင်ထားသော အပ်ချုပ်စက်(၈၀၀)လုံးနှင့် ဆက်စပ်စက်(၆၃)လုံး၊ စုစုပေါင်း (၈၆၃)လုံးရှိပါသည်။ |