THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY


ဘွိုင်လာမှတ်ပုံတင်စစ်ဆေးခြင်း


Tue 30-07-2024

ဘွိုင်လာမှတ်ပုံတင်စစ်ဆေးခြင်း

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

       ဘွိုင်လာမှတ်ပုံတင်စစ်ဆေးပေးရန် သက်ဆိုင်ရာစစ်ဆေးရေးမှူးထံ လျှောက်ထားရာတွင် လျှောက်လွှာနှင့်အတူ ဘွိုင်လာနှင့်သက်ဆိုင်သည့် အောက်ပါ သက်သေခံလက်မှတ်များ တင်ပြရမည်-
၁။        ပြည်ပမှတင်သွင်းလာသောဘွိုင်လာ သို့မဟုတ် ပြည်တွင်းတွင် ဝယ်ယူသော ဘွိုင်လာနှင့်သက်ဆိုင်သည့်အထောက်အထားစာရွက်စာတမ်းများ၊
၂။         ဘွိုင်လာထုတ်လုပ်ရာတွင် လိုက်နာခဲ့သောထုတ်လုပ်မှုနှင့် စမ်းသပ်မှု စံချိန်စံညွှန်း သက်သေခံလက်မှတ်၊
၃။        ဘွိုင်လာထုတ်လုပ်ပြီးသည်အထိ အဆင့်ဆင့်စစ်ဆေးခဲ့ကြောင်းကို သက်ဆိုင်ရာနိုင်ငံက တရားဝင်ထုတ်ပေးသောအာမခံလက်မှတ်၊
၄။        ဘွိုင်လာတွင် အသုံးပြုသောသံသား၏ ထုတ်လုပ်မှုနည်းစဉ်၊ ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ် သတ္တိနှင့်စက်မှုဂုဏ်သတ္တိဆိုင်ရာသက်သေခံလက်မှတ်များ၊
၅။        ဘွိုင်လာ၏ အသေးစိတ်ရေးဆွဲပုံစံ၊ ဂဟေဆက်ကြောင်းများကို ဓာတ်မှန်ရိုက်၍ စစ်ဆေး တွေ့ရှိချက်နှင့်အပူပြဂရပ်များ၊
၇။        ဘွိုင်လာထုတ်လုပ်သည့်ကုမ္ပဏီ၏ အမှတ်တံဆိပ်နှင့် ထုတ်လုပ်သည့်အမှတ်စဉ်၊
၈။        ရည်ရွယ်တည်ဆောက်သည့်ဖိအား၊ရေနွေးငွေ့ထုတ်လုပ်မှုပမာဏနှင့်အသုံးပြုမည့် လောင်စာ၊
၉။        ဘွိုင်လာနှင့် တွဲဖက်အသုံးပြုသောရေနွေးငွေ့ပိုက်များ တပ်ဆင်သွယ်တန်းပုံ အသေး စိတ်ရေးဆွဲထားသည့်ပုံစံ၊
၁၀။      စစ်ဆေးရေးမှူးချုပ်က အခါအားလျော်စွာ သတ်မှတ်သောအထောက်အထားနှင့် သက်သေခံလက်မှတ်များ။

ဝန်ဆောင်ခ

ဘွိုင်လာ၏မီးရှိန်ရမျက်နှာပြင်ဧရိယာ (Heating Surface) အလိုက် အနည်းဆုံး ၃၀၀၀၀ ကျပ်မှ အများဆုံး ၁၅၀၀၀၀ ကျပ်အထိ
စဉ်      မီးရှိန်ရမျက်နှာပြင်ဧရိယာ                     မှတ်ပုံတင်ကြေး     
              (စတုရန်းမီတာ)                                    (ကျပ်)

(က)  ၅ အထိ                                                   ၃၀၀၀၀
(ခ)    ၅ အထက်မှ ၁၀ အထိ                               ၄၀၀၀၀
(ဂ)    ၁၀ အထက်မှ ၃၀ အထိ                             ၅၀၀၀၀
(ဃ)  ၃၀ အထက်မှ ၅၀ အထိ                             ၆၀၀၀၀
(င)    ၅၀ အထက်မှ ၇၀ အထိ                             ၇၀၀၀၀
(စ)    ၇၀ အထက်မှ ၉၀ အထိ                             ၈၀၀၀၀
(ဆ)   ၉၀ အထက်မှ ၁၁၀ အထိ                        ၁၀၀၀၀၀
(ဇ)    ၁၁၀ အထက်မှ ၂၀၀ အထိ                        ၁၂၀၀၀၀
(စျ)    ၂၀၀ အထက်                                         ၁၅၀၀၀၀

ဝန်ဆောင်မှုအဆင့်များ

(၁)    လျှောက်ထားသူသည် လိုအပ်သောအထောက်အထားများနှင့်တကွ လျှောက်လွှာကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် One Stop Service ရှိ စက်မှုကဏ္ဍ သို့မဟုတ် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)နှင့် ခရိုင်စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဦးစီးဌာနသို့တင်ပြလျှောက်ထားရမည်။
(၂)    ဘွိုင်လာစစ်ဆေးရေးမှူးမှ စစ်ဆေးမည့်ရက်ကို လျှောက်ထားသူထံသို့ ကြိုတင် အကြောင်းကြားပါမည်။
(၃)    စစ်ဆေးရာတွင် စစ်ဆေးရေးမှူးသည် ဘွိုင်လာ၏အတိုင်းအတာ၊ ဖိအားခံနိုင်ရည် တွက်ချက်မှုနှင့်ရေဖိအားဖြင့်စမ်းသပ်စစ်ဆေးပါမည်။ 
(၄)    ဘွိုင်လာစစ်ဆေးခြင်းအောင်မြင်ခဲ့လျှင် သတ်မှတ်ထားသောစစ်ဆေးခကို လျှောက်ထား သူမှပေးသွင်းရမည်။
(၅)    စစ်ဆေးခပေးသွင်းပြီးနောက် လျှောက်ထားသူသည် ငွေသွင်းချလံကို စက်မှုကြီး ကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန (ဘွိုင်လာစစ်ဆေးရေး)သို့ တင်ပြ၍ ဘွိုင်လာအသုံးပြုခွင့် လက်မှတ်ကို ထုတ်ယူနိုင်ပါသည်။

ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာ
  • ပြည်ထောင်စုနယ်မြေ(နေပြည်တော်)

            အမှတ်(၁၁)၊သပြေလမ်း၊ရွာသစ်ကျေးရွာ၊ပုဗ္ဗသီရိမြို့နယ်၊နေပြည်တော်၊ ဖုန်း-၀၆၇-၅၅၀၃၆၂

  • ရန်ကုန်တိုင်းဒေသကြီးရုံး

            အမှတ်(၁၉၂)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၅၅၁၉၈၇

  • မန္တလေးတိုင်းဒေသကြီးရုံး

           အမှတ်(၂၉)၊ ကွင်းအမှတ်(၉၀၂)၊ သီတာအေးရပ်၊ ရန်ကုန်-မန္တလေးလမ်း၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့၊ ဖုန်း-၀၂-၂၁၀၉၇

  • ဧရာဝတီတိုင်းဒေသကြီးရုံး

           အမှတ်(၁၅)ရပ်ကွက်၊ ပုသိမ်- ရန်ကုန်ကားလမ်း၊ ပုသိမ်လေဆိပ်ရှေ့၊ ပုသိမ်မြို့၊ ဖုန်း- ၀၄၂-၂၉၀၉၀

  • စစ်ကိုင်းတိုင်းဒေသကြီးရုံး

           အကွက်(၆၆၇)၊ရတနာလမ်း၊ကျန်စစ်သားနှင့်အောင်ဇေယျလမ်းကြား၊ဇလုပ်ကျေးရွာအုပ်စုနန္ဒဝန်မြို့သစ်၊ မုံရွာမြို့၊ဖုန်း-၀၇၁-၂၃၂၀၄

  • ပဲခူးတိုင်းဒေသကြီးရုံး

           အမှတ်(၉)၊ သမိန်ဗရမ်းလမ်း၊(၁၈)ရပ်ကွက်၊ ရပ်ကွက်ကြီး(၆)၊ ဉဿာမြို့သစ်၊ ပဲခူးမြို့၊ ဖုန်း-၀၅၂-၂၂၃၀၀၀၉

  • မကွေးတိုင်းဒေသကြီးရုံး

          ဗိုလ်ချုပ်လမ်းနှင့်ပြည်တော်သာလမ်းထောင့်၊ ရွာသစ်ပွဲကြိုရပ်၊ မကွေးမြို့၊ ဖုန်း-၀၆၃-၂၅၁၄၃

  • မွန်ပြည်နယ်ရုံး

            အမှတ်(၅၀)၊ အထက်လမ်းမကြီး၊ စစ်ကဲကုန်းရပ်၊ မော်လမြိုင်မြို့၊ဖုန်း-၀၅၇-၂၁၂၀၂

  • ရှမ်းပြည်နယ်ရုံး

           အမှတ်(၂၀/၂၅)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြို့မရပ်၊ တောင်ကြီးမြို့၊ ဖုန်း-၀၈၁-၂၁၂၂၄၄

  • တနင်္သာရီတိုင်းဒေသကြီးရုံး

           ကုဿိန္ဒာရုံလမ်း၊ဝဲကျွန်းညောင်ရမ်းရပ်ကွက်၊ ထားဝယ်မြို့၊ ဖုန်း-၀၅၉-၂၁၁၄၆
 

ဆက်သွယ်ရမည့်လိပ်စာ

ဌာနအမည်             -    ဘွိုင်လာစစ်ဆေးရေးဌာန(ရုံးချုပ်)
ဖုန်းနံပါတ်              -    ၀၆၇၃-၄၀၈၃၅၁၊ ၀၆၇၃-၄၀၈၄၀၁
အီးမေးလ်လိပ်စာ    -    boilerinspection2023@gmail.com
လိပ်စာ                  -    ရုံးအမှတ်(၄၁)၊ ဇေယျဌာနီလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။ 

 




Top