THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY


အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း


Fri 10-02-2023

.

လုပ်ငန်းတာဝန်များ

၁။    အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်းသည် စက်မှုဝန်ကြီးဌာန၏ နိုင်ငံပိုင်စက်မှုလုပ်ငန်းတစ်ခုဖြစ်ပြီး ယခင်အထည်အလိပ်လုပ်ငန်း၊ ယခင်မြန်မာ့စက္ကူနှင့်ဓါတုဗေဒလုပ်ငန်း၊ ယခင်မြန်မာ့အထွေထွေနှင့်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းနှင့် အိမ်သုံးပစ္စည်းလုပ်ငန်းတို့ ပူးပေါင်းထားသော လုပ်ငန်းတစ်ခု ဖြစ်ပါသည်။
၂။    အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၏ လုပ်ငန်းတာဝန်များမှာ ပြည်သူပိုင်ပစ္စည်းများ၏ ဘဏ္ဍာငွေ များ လေလွင့် ဆုံးရှုံးပျက်စီး ပျောက်ရှမှုနည်းအောင် ကွပ်ကဲခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် ဝန်ဆောင်မှု စရိတ် ကျဆင်းစေသော နည်းလမ်းများဖြင့် အကျိုးအမြတ် တိုးတက်ရရှိအောင် ကြီးကြပ်ကွပ်ကဲခြင်း၊ လုပ်ငန်းနှင့် စက်ရုံများ၏ စီမံရေး၊ ထုတ်လုပ်ရေး၊ နည်းပညာဖွံ့ဖြိုးရေး၊ အရည်အသွေးထိန်းသိမ်းရေး၊ ဘဏ္ဍာရေး၊ ရောင်းချဖြန့်ဖြူးရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းတို့ကို ခွဲဝေပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ မူဝါဒလမ်းညွှန်ချက်များ ချမှတ်ပေးခြင်း၊ ငွေကြေးခွဲဝေမှုဆိုင်ရာဥပဒေ စည်းမျဉ်းစည်းကမ်းများကို လိုက်နာကျင့်သုံးစေရန် ကြီးကြပ်ခြင်း၊ ညှိနှိုင်းခြင်း၊ ပေါင်းစပ်ခြင်း၊ လမ်းညွှန်ခြင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ဦးတည်ချက်များ၊ ညွှန်ကြားချက်များကို အကောင်အထည်ဖော်ခြင်း၊ ကြီးကြပ် လမ်းညွှန်ခြင်း၊ ပြည်ထောင်စုဝန်ကြီးမှ လမ်းညွှန်ချမှတ်ပေးသည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်းတို့ ဖြစ်ပါသည်။
၃။    အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်းတွင် နိုင်ငံပိုင်စက်ရုံများမှာ အထည်စက်ရုံ/စက်ရုံခွဲ (၁၃)ရုံနှင့် စက္ကူနှင့်အိမ်သုံးပစ္စည်းစက်ရုံ/စက်ရုံခွဲ(၄)ရုံ၊ စုစုပေါင်း(၁၇)ရုံ ရှိပါသည်။
၄။    အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်းအနေဖြင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံပိုင် စက်ရုံများအား ပြည်တွင်း/ပြည်ပပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း၊ ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းများနှင့် နိုင်ငံပိုင်စက်ရုံများမှ အခြားဌာနများမှ အမှာစာရရှိသော ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ပြင်ပဈေးကွက်ဝင် ရောင်းချနိုင်သော ထုတ်ကုန်ပစ္စည်းများ ထုတ််လုပ်ခြင်း ဖြစ်ပါသည်။

အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၏ ကြီးကြပ်မှုအောက်ရှိ နိုင်ငံပိုင်စက်ရုံများ

၁။    အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်)
၂။    အမှတ်(၃)အထည်စက်ရုံ(စစ်ကိုင်း)
၃။    အမှတ်(၃)အထည်စက်ရုံခွဲ(စစ်ကိုင်း)
၄။    အမှတ်(၄)အထည်စက်ရုံ(ပွင့်ဖြူ)
၅။    အမှတ်(၅)အထည်စက်ရုံ(ပခုက္ကူ)
၆။    အမှတ်(၆)အထည်စက်ရုံ(ဆားလင်းကြီး)
၇။    အမှတ်(၇)အထည်စက်ရုံ(မြစ်သား)
၈။    အမှတ်(၇)အထည်စက်ရုံခွဲ(ဝမ်းတွင်း)
၉။    အမှတ်(၈)အထည်စက်ရုံ(ပျော်ဘွယ်)
၁၀။    အမှတ်(၈)အထည်စက်ရုံခွဲ(ရမည်းသင်း)
၁၁။    အမှတ်(၁၀)အထည်စက်ရုံ(တောင်သာ)
၁၂။    အမှတ်(၁၁)အထည်စက်ရုံ(ပခုက္ကူ)
၁၃။    အထည်စက်ရုံခွဲ(မြင်းခြံ)
၁၄။    အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)
၁၅။    သတင်းစာစက္ကူစက်ရုံ(သာပေါင်း)
၁၆။    အိမ်သုံးပစ္စည်းစက်ရုံ(မင်းစု)
၁၇။    ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်စက်ရုံခွဲ(ချောက်)
၁၈။    စက်မှုနယ်မြေ(သထုံ)

ဝန်ဆောင်မှုကဏ္ဍ

၁။    မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိသော အထည်အလိပ်ပစ္စည်းများအတွက် ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်(Certificate of Origin - Form B) ထုတ်ပေးခြင်း

အသေးစိတ်အချက်အလက်များကို ဖော်ပြပါ Link တွင် ကြည့်ရှုနိုင်ပါသည်- http://www.industry.gov.mm/miscs/14



Top