ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား နှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန

  • Home Announcements News ဓါတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် တင်ပို့ခြင်းတို့အတွက် ထောက်...

ဓါတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် တင်ပို့ခြင်းတို့အတွက် ထောက်ခံချက်သက်တမ်းနှင့် ဓါတ်ခွဲစမ်းသပ်ချက်သက်တမ်းများ တိုးမြှင့်သတ်မှတ်ခြင်း


Fri 28-04-2017 Directorate of Industrial Collaboration

ဓါတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒပုဒ်မ(၄၇)၊ ပုဒ်မခွဲ(ခ)အရ ဗဟိုကြီးကြပ်ရေးအဖွဲ့ဝင်များ၏ သဘောတူညီချက်ဖြင့် ဓါတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့တင်သွင်းခြင်းနှင့် ပြည်ပသို့ တင်ပို့ခြင်းတို့အတွက် ထောက်ခံချက်ကာလအား ထောက်ခံချက်ထုတ်ပေးသည့်နေ့ရက်မှစ၍ (၆)လအထိလည်းကောင်း၊ ဓါတ်ခွဲစမ်းသပ်ချက်သက်တမ်းကာလအား ဓါတ်ခွဲစမ်းသပ်ချက်အစီရင်ခံစာ ထုတ်ပေးသည့်နေ့ရက်မှစ၍ (၁၂)လအထိလည်းကောင်း တိုးမြှင့်သတ်မှတ်လိုက်ကြောင်း အသိပေးကြေငြာအပ်ပါသည်။ ကြေငြာချက်စာအား အောက်ပါ Link တွင် Download ရယူနိုင်ပါသည်။ 


Top