ဓါတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒပုဒ်မ(၄၇)၊ ပုဒ်မခွဲ(ခ)အရ ဗဟိုကြီးကြပ်ရေးအဖွဲ့ဝင်များ၏ သဘောတူညီချက်ဖြင့် ဓါတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့တင်သွင်းခြင်းနှင့် ပြည်ပသို့ တင်ပို့ခြင်းတို့အတွက် ထောက်ခံချက်ကာလအား ထောက်ခံချက်ထုတ်ပေးသည့်နေ့ရက်မှစ၍ (၆)လအထိလည်းကောင်း၊ ဓါတ်ခွဲစမ်းသပ်ချက်သက်တမ်းကာလအား ဓါတ်ခွဲစမ်းသပ်ချက်အစီရင်ခံစာ ထုတ်ပေးသည့်နေ့ရက်မှစ၍ (၁၂)လအထိလည်းကောင်း တိုးမြှင့်သတ်မှတ်လိုက်ကြောင်း အသိပေးကြေငြာအပ်ပါသည်။ ကြေငြာချက်စာအား အောက်ပါ Link တွင် Download ရယူနိုင်ပါသည်။