စက်မှုဝန်ကြီးဌာနနှင့် ကုလသမဂ္ဂစက်မှုဖွံ့ဖြိုးရေးအဖွဲ့ (United Nations Industrial Development Organization- UNIDO) တို့ ပူးပေါင်း၍ စက်မှုလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းများအတွက် စွမ်းအင်စီမံခန့်ခွဲမှု (Energy Management) သင်တန်းများ၊ စွမ်းအင်စနစ်ထိရောက်စွာအသုံးပြုခြင်းဆိုင်ရာ (Energy System Optimization) သင်တန်းများကို အခမဲ့ဖွင့်လှစ်ပေးလျက်ရှိ သည်။
အဆိုပါသင်တန်းများကို ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနဝန်းအတွင်းရှိ သင်တန်းခန်းမ၌ International Expert များမှ ဖွင့်လှစ်ပို့ချလျက်ရှိရာတွင် Steam System Optimization (SSO) User Level နှစ်ရက် သင်တန်းအမှတ်စဉ် (၇) ကို ၂-၅-၂၀၁၇ နှင့် ၃-၅-၂၀၁၇ တို့တွင် နံနက် ၈:၃၀ နာရီမှ ညနေ ၄:၃၀ နာရီ အထိ သင်တန်းကြေးအခမဲ့ဖြင့် သင်ကြားပို့ချပေးသွားမည် ဖြစ်ပါသည်။
သင်တန်းတွင် Steam Energy System Optimization Expert မှ Steam Energy System Optimization အခြေခံအကြောင်းအရာများ၊ System Optimization အတွက် လိုအပ်ချက်များ၊ Best Practices များ စသည်တို့ကို သင်ကြားပို့ချပေးမည်ဖြစ်သည်။ ယင်းသင်တန်းသို့ Steam အသုံးပြုသည့် ပုဂ္ဂလိက/အစိုးရစက်ရုံများမှ အင်ဂျင်နီယာများ၊ Operator များ၊ စွမ်းအင်ကုန်ကျစရိတ် လျှော့ချလိုသောစက်ရုံ/အလုပ်ရုံများ၊ စွမ်းအင်မန်နေဂျာအဖြစ် အသက်မွေးဝမ်းကျောင်း ပြုလိုသူများ၊ စွမ်းအင်စနစ် အထိရောက်ဆုံးအသုံးပြုခြင်းဆိုင်ရာ Energy System Optimization ပညာရပ်ကို စိတ်ပါဝင်စားသူများ၊ မိမိစက်ရုံတွင် Steam အတွက် Energy သုံးစွဲမှုကုန်ကျစရိတ်များပြားနေပြီး ယင်းကုန်ကျစရိတ်ကို လျှော့ချလိုသူများ တက်ရောက်နိုင်ပါသည်။
ယင်းအပြင် Energy Management System (EnMS) User Level နှစ်ရက် သင်တန်းအမှတ်စဉ် (၉) ကို မေလ ၁၅ ရက်မှ ၁၆ ရက် နှင့် အမှတ်စဉ် (၁၀) ကို မေလ ၁၈ ရက်မှ ၁၉ ရက် တို့တွင် နံနက် ၈:၃၀ နာရီ မှ ညနေ ၄:၃၀ နာရီအထိ အထက်ပါ သင်တန်းခန်းမ၌ သင်တန်းကြေးအခမဲ့ဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ပါသည်။ ယင်းသင်တန်းသို့ စွမ်းအင်ကုန်ကျစရိတ် လျှော့ချလိုသော စက်ရုံ/အလုပ်ရုံများ၊ ISO 50001 Certification Process နှင့်အညီ Upgrade ပြုလုပ်လိုသော စက်ရုံ/အလုပ်ရုံများမှ တာဝန်ရှိသူများ၊ စွမ်းအင်မန်နေဂျာအဖြစ် အသက်မွေးဝမ်းကြောင်းပြုလိုသူများ၊ စွမ်းအင်ထိရောက်စွာ အသုံးပြုရေးပညာရပ်ကို စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ကြောင်းနှင့် User နှင့် Expert Level သင်တန်းများ တက်ရောက်အောင်မြင်ပြီးပါက Energy Expert အဖြစ် အသက်မွေးဝမ်းကြောင်းပြုနိုင်သည့် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်သည်။
သင်တန်းသားဦးရေ ကန့်သတ်ထားပြီး သင်တန်းများသို့ အင်ဂျင်နီယာဘွဲ့ရရှိထားသူ (Bachelor in Engineering) သို့မဟုတ် တက်ရောက်မည့်သင်တန်းနှင့် သက်ဆိုင်သည့်လုပ်ငန်းအတွေ့အကြုံ ၂ နှစ်နှင့် အထက်ရှိသူ၊ အင်္ဂလိပ်ဘာသာဖြင့် နားလည်ပြောဆိုနိုင်သူဖြစ်လျှင် ပိုမိုသင့်တော်မည် ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများအနေဖြင့် လျှောက်လွှာများကို www.ieemyanmar.com/?page_id=4452 တွင် Download ရယူဖြည့်စွက်၍ email: T.OO@unido.org နှင့်/သို့မဟုတ် A.ZIN@unido.org တို့သို့ သင်တန်းအမှတ်စဉ် (၇) အတွက် ၂၀၁၇ခုနှစ်၊ ဧပြီလ ၂၈ ရက် (သောကြာနေ့) တွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၉) နှင့် (၁၀) အတွက် မေလ ၉ ရက် (အင်္ဂါနေ့) တွင်လည်းကောင်း နောက်ဆုံးထား ဆက်သွယ် ပေးပို့ရမည်ဖြစ်ပြီး စုံစမ်းမေးမြန်းလိုပါက ဖုန်း- ဝ၉၅၁၉ဝ၉၇၉ ၊ ဝ၉၄၂၁၁၃၁ဝ၈၅ များသို့ မေးမြန်းနိုင်ပါသည်။