စက်မှုဝန်ကြီးဌာန
အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၁၆)အကြီးစားစက်ရုံ(ဆင်တဲ)
အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စိတ်ဝင်စားမှုဖော်ပြခြင်း
အဆိုပြုလွှာ (Expression of Interest) ဖိတ်ခေါ်ခြင်း
၁။ စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်းအောက်ရှိ အမှတ်(၁၆)အကြီးစားစက်ရုံ (ဆင်တဲ) (လယ်ယာသုံးစက်နှင့် စက်ကိရိယာပစ္စည်းအမျိုးမျိုးထုတ်လုပ်ရန်) ကို စိတ်ဝင်စားသူ ပြည်တွင်း/ ပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားရန် အစီအစဉ်ရှိပါသည်။
၂။ ပထမအဆင့်အနေဖြင့် စိတ်ပါဝင်စားသည့် ကုမ္ပဏီများသည် စိတ်ဝင်စားမှုဖော်ပြခြင်း အဆိုပြုလွှာ (Expression of Interest-EoI) ကို စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)အကြီးစား စက်မှုလုပ်ငန်း၊ စီမံရေးဌာန၊ ရုံးအမှတ်(၃၀)၊ နေပြည်တော်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သို့ လိပ်မူ၍ ၂၀၁၇ ခုနှစ်၊ ဧပြီလ (၄)ရက်၊ ညနေ(၄:၀၀)နာရီ (မြန်မာစံတော်ချိန်) အရောက် ပေးပို့ရမည်ဖြစ်ပါသည်။ စိတ်ဝင်စားမှုဖော်ပြခြင်း အဆိုပြုလွှာ (EoI) ပုံစံနှင့် အခြားသက်ဆိုင်ရာ စာရွက်စာတမ်းများကို ကုမ္ပဏီဆိုင်ရာ အထောက်အထားများပြသ၍ အထက်ပါလိပ်စာတွင် လာရောက်ထုတ်ယူနိုင်ပါသည်။
တင်ပြရမည့် ကုမ္ပဏီဆိုင်ရာ အထောက်အထားများ
(က) သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်
( ခ ) ကုမ္ပဏီသင်းဖွဲ့ မှတ်တမ်း/စည်းမျဉ်း
( ဂ ) နည်းပညာပူးပေါင်းဆောင်ရွက်မည့် နိုင်ငံခြားကုမ္ပဏီ (ရှိလျှင်)
(အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်ဖုန်း- ၀၆၇-၄၀၅၁၅၉၊ ၀၆၇-၄၀၅၃၂၂)