စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန
မြန်မာ့ဆေးဝါးလုပ်ငန်း
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ မြန်မာ့ဆေးဝါးလုပ်ငန်း ကြီးကြပ်မှုအတွင်းရှိ မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ ဗာဂျီးနီးယားဆေးလုပ်ငန်းအတွင်းရှိ ဂိုထောင်အလွတ်(အအေးခန်းဂိုဒေါင်) ၁၆၈′ x ၆၂′x ၂၀′ (၁၀,၄၁၆) စတုရန်းပေအား မြန်မာကျပ်ငွေဖြင့် ငှားရမ်းဆောင်ရွက်လိုပါသည်။
တင်ဒါစတင်ရောင်းချမည့်ရက်နှင့်အချိန် - ၅.၅.၂၀၂၀၊ (၉:၃၀)နာရီ
တင်ဒါပိတ်မည့်ရက်နှင့်အချိန် - ၂၀.၅.၂၀၂၀၊ (၁၆:၃၀)နာရီ
တင်ဒါပေးသွင်းရမည့်နေရာ - ဥက္ကဌ၊ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ ရုံးအမှတ်(၃၇)၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊
နေပြည်တော်။
၂။ အိတ်ဖွင့်တင်ဒါပုံစံများ၊ တင်ဒါစည်းကမ်းချက်များနှင့် စပ်လျဉ်း၍ အသေးစိတ်သိရှိလိုပါက အောက်ပါဌာနတွင် ရုံးချိန်အတွင်းစုံစမ်းမေးမြန်းနိုင်ပါသည်-
မြန်မာ့ဆေးဝါးလုပ်ငန်း(ရုံးချုပ်)စီမံရေးဌာန
ရုံးအမှတ်(၃၇)၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန
နေပြည်တော်။
ဖုန်းအမှတ်၊ ၀၆၇-၃၄၀၈၂၇၅၊ ၀၆၇-၃၄၀၈၃၇၀
ဆပ်ပြာစက်ရုံ(မန္တလေး)
ဖုန်းအမှတ်၊ ၀၂-၄၀၃၉၁၃၀