ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား နှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန

  • Home Tenders News တောင်ပေါ်ယာဉ်ရပ်နားစခန်းနှင့် ထုတ်လုပ်ရေးရုံး (၅၀'x၂၀'x၁၄') အား ရောင်းချရန် အိတ်...

တောင်ပေါ်ယာဉ်ရပ်နားစခန်းနှင့် ထုတ်လုပ်ရေးရုံး (၅၀'x၂၀'x၁၄') အား ရောင်းချရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း


Mon 05-08-2019 No.2 Heavy Industrial Enterprise

စက်မှုဝန်ကြီးဌာန

အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်းမှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။     စက်မှုဝန်ကြီးဌာန၊ အမှတ်(၃၃)အကြီးစားစက်ရုံ(ကျောက်ဆည်)ရှိ တောင်ပေါ်ယာဉ်ရပ်နားစခန်းနှင့် ထုတ်လုပ်ရေးရုံး (၅၀'x၂၀'x၁၄') အား မျက်မြင်အခြေအနေအတိုင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်။

၂။      တင်ဒါပုံစံများနှင့် စည်းကမ်းချက်ကို နည်းပညာဖွံ့ဖြိုးရေးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ ရုံးအမှတ်(၁၄) နေပြည်တော်တွင် (၂၉.၇.၂၀၁၉) ရက်နေ့မှ (၂၈.၈.၂၀၁၉) ရက်နေ့အထိ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး (၂၈.၈.၂၀၁၉) ရက်နေ့ ညနေ (၁၆:၀၀)နာရီတိတိ နောက်ဆုံးထား၍ တင်ဒါပေးသွင်းရန် ဖြစ်ပါသည်။

ဆက်သွယ်ရန် ဖုန်းနံပါတ် ၀၆၇−၃၄၀၉၆၁၈၊ ၀၆၇−၃၄၀၉၆၃၅

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ 


Top