ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား နှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန

  • Home Announcements News ရေယာဉ် (၁၂)စီးအား ရောင်းချရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ရေယာဉ် (၁၂)စီးအား ရောင်းချရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း


Tue 15-09-2020 No.3 Heavy Industrial Enterprise

စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန
အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။    စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်းရှိ ရေယာဉ် (၁၂)စီးအား Lot (9)ခုဖြင့် မျက်မြင်အခြေအနေအတိုင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။ 
၂။    တင်ဒါပုံစံနှင့်စည်းကမ်းချက်ကို အုပ်ချုပ်ရေးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ ရုံးအမှတ်(၃၇)နေပြည်တော်တွင် (၁၄.၉.၂၀၂၀)ရက်နေ့မှ (၈.၁၀.၂၀၂၀) ရက်နေ့အထိ ရုံးချိန်အတွင်းဝယ်ယူနိုင်ပြီး (၁၂.၁၀.၂၀၂၀)ရက်နေ့ ညနေ(၁၄:၀၀)နာရီတိတိ နောက်ဆုံးထား၍ တင်ဒါပေးသွင်းရန် ဖြစ်ပါသည်။ 
ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၆၇-၃၄၀၈၁၈၄၊ ၀၆၇-၃၄၀၈၃၆၄

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ


Top