THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ကျပ်သန်း( ၁၀၀ )အထက် တည်ဆောက်ရေးလုပ်ငန်းမျာ...

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ကျပ်သန်း( ၁၀၀ )အထက် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း


Fri 09-10-2020 Directorate of Industrial Collaboration

စီမံကိန်းဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
တည်ဆောက်ရေးလုပ်ငန်းများအတွက်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း


၁။     စီမံကိန်းဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန အောက်ရှိ စက်မှုသင်တန်းကျောင်းများတွင် ၂၀၂၀ -၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ် (ဆောက်လုပ်ရေး ) ခွင့်ပြုရန်ပုံငွေပါ အောက်ဖော်ပြပါ ကျပ်သန်း( ၁၀၀ )အထက် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရှိပါသဖြင့် ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်များမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-

စဉ် လုပ်ငန်းတည်နေရာ စဉ် လုပ်ငန်းအမည်
Lot-1 စသက(မုံရွာ) စီမံကိန်း ၁။ (၆)ခန်းတွဲနေအိမ်(၁၂၆ 'X ၃၈ ' X၂၁') ၊RC (၂)ထပ်(၁)လုံး
၂။ (၄)ခန်းတွဲနေအိမ်( ၁၀၂ ' X ၃၃ 'X၂၁' ) ၊RC (၂)ထပ်(၁)လုံး
၃။ ဧည့်တွေ့ဆောင်နှင့်ကင်တင်း၊ (၆၅' x၂၅'x ၁၂') Steel Structure   ( ၁) ထပ် (၁) လုံး
Lot-2 စသက(သထုံ) စီမံကိန်း ၁။ (၂)ခန်းတွဲနေအိမ်(၄၈' x၄ ၀' x၁၂') RC(၁)ထပ်(၂)လုံး
၂။ လူ(၃၀)ဆံ့အိပ်ဆောင်၊(၁၅၀'x၃၀'x၁၂')+(၂၄'x၂၀'x၁၂')၊ စားရိပ်သာ ( ၆၀'x ၃၀ ' x၁၂ ') ၊ RC( ၁)ထပ်(၁)လုံး
Lot-3 စသက(သထုံ) စီမံကိန်း ၁။ Compound Lecture Room (၁၂ 'x ၇၅' x၁၅' ) RC (၁)ထပ် (၁)လုံး
၂။ မြေထိန်းနံရံ အရှည် ၁၉၀ ' ၊ အမြင့် ၃၀ '
Lot-4 စသက(၁) ဆင်တဲ ၁။ (၆)ခန်းတွဲနေအိမ်(၁၂၆ 'X ၃၈ ' X၂၁') ၊RC (၂)ထပ်(၁)လုံး
Lot-5 စသက(၂)မန္တလေး ၁။ Shop Building(၁၂၀'x၅၆'X၂၄') ၊RC (၂) ထပ်(၁)လုံး
၂။ (၄)ခန်းတွဲနေအိမ်(၁၀၂'X၃၃'X၂၁') ၊ RC(၂)ထပ်(၁) လုံး
၃။ ဧည့်တွေ့ဆောင်နှင့်ကင်တင်း ၊(၆၅' x၂၅ ' x ၁၂') Steel Structure ( ၁) ထပ် (၁) လုံး
၄။ Chain Link ခြံစည်းရိုး( ၆၀၀ ' )
Lot-6 စသက(၃) သာဂရ ၁။ သင်တန်းသားစာသင်ဆောင်များ အကြီးစား မွမ်းမံခြင်း (၂၁၆'x ၂၅'x၂၁') (၃)လုံး
၂။ Main Building နှင့်သင်တန်းဆောင်များရှိ  သန့်စင်ခန်းများမွမ်းမံခြင်း(၅)လုံး
၃။ လူ(၃၀)ဆံ့အိပ်ဆောင် ၊ (၁၅၀'x၃၀'x၁၂')+(၂၀'x၂၀'x၁၂')၊ စားရိပ်သာ ( ၆၀'x ၃၀ ' x၁၂ ')  ၊ RC( ၁)ထပ်(၁)လုံး 
၄။ သင်တန်းသားကျောင်းဝန်းနှင့် သင်တန်းခန်းများအတွင်းရှိ မီးလိုင်းပြုပြင်ခြင်း
၅။ သင်တန်းသားကျောင်းဝန်းနှင့် သင်တန်းခန်းများအတွင်းရှိ ရေလိုင်းပြုပြင်ခြင်း
၆။ Chain Link ခြံစည်းရိုး( ၆၀၀ ')
Lot-7 အင်းစိန်၊ ရန်ကုန်တိုင်းဒေသကြီး ၁။ မူလဓါတ်ခွဲခန်းအဆောက်အဦ ( ၁၆၀ '  x ၉၀ ' x  ၃၀ ' ) + (၁၆၀' x ၄၅' x ၁၂ ' )၊ RC (၂ -၁/၂ )ထပ်(၁)လုံးနှင့် ဆက်စပ်လုပ်ငန်းများ

    (က)    တင်ဒါပုံစံစတင်ရောင်းချမည့်ရက်     -    ၁၀   .  ၁၀  . ၂၀၂၀
    (ခ )    တင်ဒါပိတ်မည့်ရက်နှင့်အချိန်            -    ၁၀  .   ၁၁  .  ၂၀၂၀ (၁၆:၀၀) နာရီ
    (ဂ)    တင်ဒါပေးသွင်းရမည့်နေရာ               -    ညွှန်ကြားရေးမှူးချုပ်ရုံးခန်း
                                                                      စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
                                                                      စီမံကိန်းဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန
                                                                      ရုံးအမှတ် (၃၀)၊ နေပြည်တော်

၂။    စည်းကမ်းချက်များနှင့် တင်ဒါပုံစံများကို ဖော်ပြပါလိပ်စာ၌ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး အသေးစိတ် အချက်အလက်များကို သိလိုပါက စုံစမ်းနိုင်ပါသည်။
    
    သင်တန်းကျောင်းများကြီးကြပ်ရေးဌာန
    စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
    ရုံးအမှတ်(၃၀)၊ နေပြည်တော်
    ဖုန်း- ၀၆၇ ၄၀၅၀၅၁
    ဖုန်း- ၀၆၇ ၄၀၅၃၃၆( lot-7 )အတွက်စုံစမ်းရန်


Top