စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း
စိတ်ဝင်စားမှုတင်ပြခြင်းလျှောက်လွှာခေါ်ယူခြင်း
(Expression of Interest Inviation)
မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ(အင်ရောင်း)၏ ကြီးကြပ်မှုအောက်ရှိ သောက်ရေသန့်စက်ရုံခွဲ(ကျောက်ဆည်)တွင် အောက်ဖော်ပြပါ ကုန်ထုတ်အဆောက်အဦနှင့် သိုလှောင်ရုံများ တည်ရှိပြီးဖြစ်သည့်အတွက် နိုင်ငံတော်၏ ထုတ်လုပ်မှုလုပ်ငန်းများတိုးတက်ဆောင်ရွက်နိုင်ရေး ငှားရမ်း/အကျိုးတူ/ဖက်စပ်စနစ်ဖြင့် Public Private Partnership(PPP) ဆောင်ရွက်လိုပါသည်-
(က) ပင်မစက်ရုံ (ရေသန့်ထုတ်လုပ်မှုအဆောက်အဦ) (၁၈၀' x ၆၀' x ၁၅') (Aluzinc အုတ်ကာ၊ ကြွေခင်း)
(ခ) ထုတ်လုပ်မှုအဆောက်အဦ (၁၈၀' x ၆၀' x ၁၅') (Aluzinc အုတ်ကာ၊ ကြွေခင်း)
(ဂ) ကုန်ချောသိုလှောင်ရုံ (၁၀၀' x ၅၀' x ၁၅') (သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း)
(ဃ) ကုန်ကြမ်းသိုလှောင်ရုံ (၁၀၀' x ၅၀' x ၁၅') (သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း)
(င) ထုတ်လုပ်မှုစက်လိုင်း - 1 Lot
လျှောက်လွှာစတင်ရောင်းချမည့်ရက်နှင့်အချိန် - ၁၆.၈.၂၀၂၁ (ရုံးချိန်အတွင်း)
လျှောက်လွှာပိတ်မည့်ရက် - ၁၆.၈.၂၀၂၁ ရက်နေ့မှစ၍ ရက်ပေါင်း(၆၀)အတွင်း
လျှောက်လွှာပေးသွင်းရမည့်နေရာ - ဥက္ကဋ္ဌ၊ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊
မြန်မာ့ဆေးဝါးလုပ်ငန်း
စက်မှုဝန်ကြီးဌာန
ရုံးအမှတ်(၃၇)၊ နေပြည်တော်
၂။ စိတ်ဝင်စားမှုတင်ပြခြင်းလျှောက်လွှာနှင့်စပ်လျဉ်း၍ အသေးစိတ်သိရှိလိုပါက အောက်ပါ ဌာနတွင် ရုံးချိန်အတွင်း စုံစမ်းနိုင်ပါသည်-
မြန်မာ့ဆေးဝါးလုပ်ငန်း(ရုံးချုပ်)၊ စီမံရေးဌာန
ရုံးအမှတ်(၃၇)၊ စက်မှုဝန်ကြီးဌာန၊ နေပြည်တော်
ဖုန်းနံပါတ် ၀၆၇-၃၄၀၈၃၇၀၊ ၃၄၀၈၂၇၅၊ ၃၄၀၈၁၄၀
၀၉-၂၅၁၁၆၅၆၁၅၊ ၀၉-၅၀၈၇၂၄၇
Email pfimoi2018@gmail.com
Fax ၀၆၇-၃၄၀၈၁၉၅