ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား နှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန

  • Home Announcements News သောက်ရေသန့်စက်ရုံခွဲ(ကျောက်ဆည်)အား အစိုးရနှင့် ပုဂ္ဂလိက (PPP) ပူးပေါင်းဆောင်ရွက်...

သောက်ရေသန့်စက်ရုံခွဲ(ကျောက်ဆည်)အား အစိုးရနှင့် ပုဂ္ဂလိက (PPP) ပူးပေါင်းဆောင်ရွက်ရန်အတွက် စိတ်ဝင်စားမှုတင်ပြခြင်းလျှောက်လွှာခေါ်ယူခြင်း


Tue 11-01-2022 Myanma Pharmaceutical Industrial Enterprise

စက်မှုဝန်ကြီးဌာန
မြန်မာ့ဆေးဝါးလုပ်ငန်း
စိတ်ဝင်စားမှုတင်ပြခြင်းလျှောက်လွှာခေါ်ယူခြင်း
(Expression of Interest Invitation)

၁။    မြန်မာ့ဆေးဝါးလုပ်ငန်း သောက်ရေသန့်စက်ရုံခွဲ(ကျောက်ဆည်)သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၏အရှေ့ဘက်၊ ဖျောက်ဆိပ်ပင်ရွာသွားသည့် ကားလမ်း၏ မြောက်ဘက်ခြမ်း (၄)မိုင် (၂)ဖာလုံအကွာတွင်တည်ရှိပြီး ၂၆.၅၁ ဧက ပေါ်တွင် ထုတ်လုပ်မှုအဆောက်အဦ(၂)လုံး၊ သိုလှောင်ရုံ(၂)လုံးနှင့် ထုတ်လုပ်မှုစက်လိုင်း(၁)လိုင်းရှိပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်ဆောင်ရွက်နိုင်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက (PPP) ပူးပေါင်းဆောင်ရွက်ရန်အတွက် ဖိတ်ခေါ်အပ်ပါသည်။
၂။   စိတ်ဝင်စားမှုအဆိုပြုလွှာ(EoI)နှင့်  အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာအဆိုပြုလွှာ (RFP)များ ဖြည့်သွင်းရမည်ဖြစ်ပြီး စက်ရုံဆိုင်ရာအချက်အလက်များအား အဆိုပါ Form တွင် ဖော်ပြထားရှိပါမည်။ 

          EoI, RFP စတင်ရောင်းချမည့်ရက်နှင့်အချိန်     -    ၅.၁.၂၀၂၂ (ရုံးချိန်အတွင်း)
          EoI, RFP ပိတ်မည့်ရက်                                -    ၄.၂.၂၀၂၂ (၁၆:၀၀ နာရီ)
          လျှောက်လွှာပေးသွင်းရမည့်နေရာ                   -     မြန်မာ့ဆေးဝါးလုပ်ငန်း၊
                                                                                  စက်မှုဝန်ကြီးဌာန၊
                                                                                  ရုံးအမှတ်(၃၇)၊နေပြည်တော်
၃။    အသေးစိတ်သိရှိလိုပါက ရုံးဖုန်း ၀၆၇-၃၄၀၈၁၄၀၊ ၀၆၇-၃၄၀၈၃၇၀ နှင့် email- pfimoi2018@gmail.com သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
မြန်မာ့ဆေးဝါးလုပ်ငန်း


Top