THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Law & Regulations တော်လှန်ရေးကောင်စီကာလ စက်မှုလက်မှုလုပ်ငန်းသမိုင်း

တော်လှန်ရေးကောင်စီကာလ စက်မှုလက်မှုလုပ်ငန်းသမိုင်း


Wed 19-01-2022 Ministerial Office

 မြန်မာနိုင်ငံတော်၏ စက်မှုလက်မှုသမိုင်းကြောင်းမှတ်တမ်း " စာအုပ်(၆)အုပ်

၁။    မြန်မာနိုင်ငံတော်တွင် စက်မှုလုပ်ငန်းများ တိုးတက်ဖြစ်ပေါ်မှုအစဉ်ကို မော်ကွန်းတင်ရေး လုပ်ငန်းစဉ်မှာ ၁၉၈၆ ခုနှစ် ဩဂုတ်လတွင် အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ဝန်ကြီး ဗိုလ်မှူးချုပ် တင့်ဆွေ(အငြိမ်းစား)၏ လမ်းညွှန်မှုဖြင့် စတင်ခဲ့ပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ အမှတ်(၁)နှင့်အမှတ်(၂) စက်မှုဝန်ကြီးဌာန ဝန်ကြီးတာဝန်ကို ထမ်းရွက်ရန် တာဝန်ပေးအပ်ခြင်းခံရသူ ဗိုလ်ချုပ်စိန်အောင်က မြန်မာနိုင်ငံစက်မှုလက်မှုသမိုင်း ရေးသားပြုစုရေးကို ဆက်လက် တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။

၂။    ၁၉၈၆ ခုနှစ်တွင် "မြန်မာနိုင်ငံတော်၏စက်မှုလက်မှုလုပ်ငန်းသမိုင်းကြောင်းမှတ်တမ်း" မော်ကွန်းပေါ်ထွန်းစေရန် ရည်ရွယ်ချက်အရ အကြံပေးပုဂ္ဂိုလ်၊ အငြိမ်းစားအကြီးတန်း သုတေသနမှူး ဒေါ်ကြန် ကြီးကြပ်စီမံ တည်းဖြတ်၍ ဦးစီးဌာန/လုပ်ငန်းများမှ ဝန်ထမ်းများက အချက်အလက်များ ရှာဖွေပြုစုခဲ့ကြသည်။

၃။     ထို့နောက် ဝန်ကြီးဌာနသည် “မြန်မာနိုင်ငံတော်၏ စက်မှုလက်မှုလုပ်ငန်းသမိုင်းကြောင်း" ဖော်ပြပါ စာအုပ်(၆)အုပ်ကို အမှတ် ၅၂၉/၅၃၁ ၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ စာပေဗိမာန်အဖွဲ့ တွဲဖက် ညွှန်ကြားရေးမှူး ဦးမျိုးသန့်က မှတ်ပုံတင်အမှတ်၊ ၀၂၈၁၉ ဖြင့် စာပေ ဗိမာန်ပုံနှိပ်တိုက်တွင် ၁၉၈၉ ခုနှစ်၊ ဇွန်လကတည်းကစ၍ ရိုက်နှိပ်ထုတ်ဝေခဲ့ပါသည်-

    (က) မြန်မာမင်းများလက်ထက် စက်မှုလက်မှုလုပ်ငန်းသမိုင်း
    ( ခ) ကိုလိုနီခေတ် စက်မှုလက်မှုလုပ်ငန်းသမိုင်း 
    ( ဂ) ပြန်လည်ထူထောင်ရေးခေတ် စက်မှုလက်မှုလုပ်ငန်းသမိုင်း
    (ဃ) တော်လှန်ရေးကောင်စီကာလ စက်မှုလက်မှုလုပ်ငန်းသမိုင်း
    ( င) ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် စက်မှုလက်မှုလုပ်ငန်းသမိုင်း
    ( စ) နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ တက်ရောက်ပြီးနောက် စက်မှု လုပ်ငန်းများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းသမိုင်း

၄။     ရှေးမြန်မာမင်းများလက်ထက်က စတင်၍ စက်မှုလက်မှုလုပ်ငန်း တိုးတက်ဖြစ်ပေါ်မှုသည် နိုင်ငံတော်၏ အခြေအနေအရပ်ရပ်အပေါ်တွင် ဖြတ်သန်းခဲ့ရခြင်းကို သိမြင်လေ့လာနိုင်မည် ဖြစ်ပါသည်။


Top