ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား နှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန

  • Home Announcements News အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်းမှ အမှတ်(၇)အထည်စက်ရုံ(မြစ်သား) အတွက် စက်နှင့်စက်ပ...

အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်းမှ အမှတ်(၇)အထည်စက်ရုံ(မြစ်သား) အတွက် စက်နှင့်စက်ပစ္စည်းများ ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း


Wed 06-04-2022 No.3 Heavy Industrial Enterprise

စက်မှုဝန်ကြီးဌာန
အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း 
စက်နှင့်စက်ပစ္စည်းများ ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။    စက်မှုဝန်ကြီးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်းရှိ အမှတ်(၇)အထည်စက်ရုံ(မြစ်သား) အတွက် အောက်ဖော်ပြပါ စက်အသစ်နှင့် စက်ပစ္စည်းများအား ဝယ်ယူမည်ဖြစ်ပြီး စက်အသစ်များကို တပ်ဆင်ပြီးစီးစမ်းသပ်လည်ပတ်သည်အထိနှင့် စက်ပစ္စည်းများအား စက်ရုံသို့အရောက် မြန်မာကျပ်ငွေဖြင့် ဝယ်ယူဖြည့်ဆည်းဆောင်ရွက်လိုပါသည်။

         (က)    စက်အသစ်(၄မျိုး
         (ခ)     ကုန်ထုတ်စက်အရန်(၄၁မျိုး) 
         (ဂ)     လျှပ်စစ်စက်အရန်(၁၆)မျိုး

၂။    ဈေးနှုန်းတင်သွင်းလွှာများကို ပေးသွင်းရမည့် အစီအစဉ်
        (က) တင်ဒါပိတ်သိမ်းမည့်ရက်နှင့်အချိန်    -    (၂၇.၄.၂၀၂၂)ရက်နေ့ (၁၆:၀၀)နာရီ 
        (ခ) တင်ဒါတင်သွင်းရမည့်နေရာ              -    တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ 
                                                                       အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း 
                                                                       စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၇)၊ နေပြည်တော်

၃။     တင်ဒါပုံစံများကို (၄.၄.၂၀၂၂)ရက်နေ့မှစ၍ ရုံးချိန်အတွင်း စီမံရေးဌာန၊ အမှတ်(၃)အကြီးစား စက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇)၊ နေပြည်တော်တွင် လာရောက်ဝယ်ယူနိုင်ပါသည်။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း(ရုံးချုပ်)၊ ဖုန်း ၀၆၇ ၄၀၈၁၈၅ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။


Top