စက်မှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးရုံး
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း(မြန်မာကျပ်ငွေဖြင့်)
၁။ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးတွင် အသုံး ပြုနိုင်ရန် E-meeting Management Software နှင့် ဆက်စပ်ပစ္စည်းများ၊ Document Management System Software နှင့် ဆက်စပ်ပစ္စည်းများကို အိတ်ဖွင့်တင်ဒါ တင်သွင်းပါရန် ဖိတ်ခေါ်အပ်ပါသည်-
စဉ် ဌာနမှ ဆောင်ရွက်လိုသည့်လုပ်ငန်း
Lot (1) (က) E-meeting Management Software
( ခ ) Device and Accessories for E-meeting System
Lot (2) (က) Document Management System Software
( ခ ) Server for Document Management System
၂။ အိတ်ဖွင့်တင်ဒါကို အောက်ပါအစီအစဉ်အတိုင်း တင်သွင်းရမည် ဖြစ်ပါသည်-
တင်ဒါပုံစံရောင်းချမည့်ရက် − ၂၇.၄.၂၀၂၂
တင်ဒါပိတ်မည့်ရက်နှင့်အချိန် − ၆.၅.၂၀၂၂ ( ၁၅:၀၀ နာရီ)
တင်ဒါပေးသွင်းရမည့်နေရာ - ဥက္ကဋ္ဌ၊ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊
စက်မှုဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီးရုံး၊
ရုံးအမှတ်(၃၀)၊ နေပြည်တော်။
၃။ အိတ်ဖွင့်တင်ဒါပုံစံနှင့် တင်ဒါစည်းကမ်း အသေးစိတ်အချက်အလက်များကို အောက်ပါ ဌာနတွင် ရုံးချိန်အတွင်း စုံစမ်းဝယ်ယူနိုင်ပါသည်−
စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲ
ပြည်ထောင်စုဝန်ကြီးရုံး၊
စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ နေပြည်တော်
ဖုန်း− ၀၆၇-၃၄၀၅၃၃၉