စက်မှုဝန်ကြီးဌာန
အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း
စက်နှင့်စက်ပစ္စည်းများ ဝယ်ယူရန် အိတ်ဖွင့်တင်ဒါ ပေးသွင်းရမည့်ရက်အား တိုးမြှင့်ခြင်း
၁။ စက်မှုဝန်ကြီးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်းရှိ အောက်ဖော်ပြပါ အထည်စက်ရုံများအတွက် စက်နှင့် စက်ပစ္စည်းများအား ဝယ်ယူရန် ၄.၄.၂၀၂၂ ရက်နေ့တွင် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့တွင် ကြေညာခဲ့ပါသည်။ တင်ဒါပိတ်ရက်အား ၂၇.၄.၂၀၂၂ ရက်နေ့ သတ်မှတ်ခဲ့ပါသည်-
(က) အမှတ်(၃)အထည်စက်ရုံ(စစ်ကိုင်း)
(ခ) အမှတ်(၆)အထည်စက်ရုံ(ဆားလင်းကြီး)
(ဂ) အမှတ်(၇)အထည်စက်ရုံ(မြစ်သား)
(ဃ) အမှတ်(၈)အထည်စက်ရုံခွဲ(ရမည်းသင်း)
၂။ ဈေးနှုန်းတင်သွင်းလွှာများကို ပေးသွင်းရမည့် ရက်အားတိုးမြှင့်ပေးခြင်း
(က) တင်ဒါပိတ်သိမ်းမည့်ရက်နှင့်အချိန် - (၂၇.၅.၂၀၂၂)ရက်နေ့ (၁၆:၀၀)နာရီ
(ခ) တင်ဒါတင်သွင်းရမည့်နေရာ - တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း
စက်မှုဝန်ကြီးဌာန
ရုံးအမှတ်(၃၇)၊ နေပြည်တော်
၃။ တင်ဒါပုံစံများကို (၁၂.၅.၂၀၂၂)ရက်နေ့မှစ၍ ရုံးချိန်အတွင်း စီမံရေးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇)၊ နေပြည်တော်တွင် လာရောက်ဝယ်ယူနိုင်ပါသည်။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း(ရုံးချုပ်)၊ ဖုန်း ၀၆၇ ၄၀၈၁၈၅၊ ၀၆၇-၃၄၀၈၀၇၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။