စက်မှုဝန်ကြီးဌာန
အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း
အမှတ် (၂၁) အကြီးစားစက်ရုံ (သထုံ)
Public Private Partnership (PPP) အတွက်
စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာ (Expression of Interest - EoI) ခေါ်ယူခြင်း
၁။ စက်မှုဝန်ကြီးဌာန၊ အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂၁)အကြီးစားစက်ရုံ(တာယာစက်ရုံ-သထုံ) အား ပြည်တွင်း/ ပြည်ပမှ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့် Public Private Partnership (PPP) ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ပါဝင်စားမှုဖော်ပြခြင်း အဆိုပြုလွှာ (Expression of Interest - EoI) ခေါ်ယူသွားမည်ဖြစ်ပါသည်။
၂။ စိတ်ပါဝင်စားသည့် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသော ပြည်တွင်း/ ပြည်ပ ကုမ္ပဏီများသည် ၎င်းတို့၏ စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာကို စီမံရေးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ ရုံးအမှတ်(၄၁)နေပြည်တော်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့လိပ်မူ၍ (၇.၉.၂၀၂၂)ရက်နေ့ ညနေ(၃:၀၀) နာရီ( မြန်မာစံတော်ချိန်)အရောက် ပေးပို့တင်ပြရမည်ဖြစ်ပါသည်။
၃။ အဆိုပြုလွှာပုံစံနှင့် စာရွက်စာတမ်းများကို စီမံရေးဌာန၊ အမှတ် (၂)အကြီးစားစက်မှုလုပ်ငန်း၊ ရုံးအမှတ် (၄၁) ၊ နေပြည်တော်တွင် လာရောက်ထုတ်ယူနိုင်ပါသည်။
(အသေးစိတ်သိရှိလိုပါက ဖုန်း-၀၆၇-၃၄၀၈၆၇၅ ၊ ၀၆၇-၃၄၀၈၆၇၆)