THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၃၁)အကြီးစားစက်ရုံ (သရက်) Public Private Pa...

အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၃၁)အကြီးစားစက်ရုံ (သရက်) Public Private Partnership (PPP) အတွက် စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာ (Expression of Interest - EoI) ခေါ်ယူခြင်း


Fri 05-08-2022 No.31 Heavy Industry(Thayet)

စက်မှုဝန်ကြီးဌာန 
အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း
အမှတ် (၃၁) အကြီးစားစက်ရုံ (သရက်)
Public Private Partnership (PPP) အတွက်
စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာ (Expression of Interest - EoI) ခေါ်ယူခြင်း

၁။    စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ် ၃၁)အကြီးစားစက်ရုံ(ဘိလပ်မြေစက်ရုံ-သရက်) အား ပြည်တွင်း/ ပြည်ပမှ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့် Public Private Partnership (PPP) ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ပါဝင်စားမှုဖော်ပြခြင်း အဆိုပြုလွှာ (Expression of Interest - EoI) ခေါ်ယူသွားမည်ဖြစ်ပါသည်။

၂။    စိတ်ပါဝင်စားသည့် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသော ပြည်တွင်း/ ပြည်ပကုမ္ပဏီများသည် ၎င်းတို့၏ စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာကို နည်းပညာဖွံ့ဖြိုးရေးဌာန၊ အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း၊ ရုံးအမှတ်(၄၁) ၊ နေပြည်တော်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့လိပ်မူ၍ (၇.၉.၂ဝ၂၂) ရက်နေ့ ၊ ညနေ(၃:၀၀) နာရီ( မြန်မာစံတော်ချိန်) အရောက်ပေးပို့တင်ပြရမည်ဖြစ်ပါသည်။

၃။    အဆိုပြုလွှာပုံစံနှင့် စာရွက်စာတမ်းများကို နည်းပညာဖွံ့ဖြိုးရေးဌာနအမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း၊ ရုံးအမှတ်(၄၁)၊ နေပြည်တော်တွင် လာရောက်ထုတ်ယူနိုင်ပါသည်။

(အသေးစိတ်သိရှိလိုပါက ဖုန်း-၁၆၇-၃၄၀၈၆၇၈ ၊ ၀၆၇-၃၄၀၈၆၇၉)
 


Top