စက်မှုဝန်ကြီးဌာန
အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
အမှတ်(၂၄) အကြီးစားစက်ရုံ(ဒဂုံ) ကြီးကြပ်မှုအောက်ရှိ LED မီးသီးအလုပ်ရုံ
Public Private Partnership (PPP) အတွက်
စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာ (Expression of Interest - EoI) ခေါ်ယူခြင်း
၁။ စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ) ကြီးကြပ်မှုအောက်ရှိ LED မီးသီးအလုပ်ရုံအား ပြည်တွင်းပြည်ပမှ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့် Public Private Partnership (PPP) ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာ (Expression of Interest - EoI) ခေါ်ယူသွားမည်ဖြစ်ပါသည်။
၂။ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသော ပြည်တွင်း/ပြည်ပကုမ္ပဏီများသည် ၎င်းတို့၏ စိတ်ဝင်စားမှုအဆိုပြုလွှာကို စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ စီမံရေးဌာန၊ ရုံးအမှတ်(၄၁)၊ နေပြည်တော်သို့လိပ်မူ၍ (၂၅.၁၁.၂၀၂၂)ရက်နေ့၊ ညနေ(၃:၀၀)နာရီ(မြန်မာစံတော်ချိန်) အရောက် ပေးပို့တင်ပြရမည်ဖြစ်ပါသည်။
၃။ အဆိုပြုလွှာပုံစံနှင့် အခြားသက်ဆိုင်ရာစာရွက်စာတမ်းများကို အောက်ပါကုမ္ပဏီဆိုင်ရာ အထောက်အထားများတင်ပြ၍ အထက်ပါလိပ်စာတွင် (၂၅.၁၀.၂၀၂၂)ရက်နေ့မှစ၍ လာရောက်ထုတ်ယူနိုင်ပါသည်-
(က) လုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားကြောင်းကို တိကျသေချာစွာ ဖော်ပြထားသည့် အကြောင်းကြားစာ
(ခ) သက်တမ်းရှိကုမ္ပဏီမှတ်ပုံတင်
(ဂ) ကုမ္ပဏီသင်းဖွဲ့မှတ်တမ်း / စည်းမျဉ်း
(ဃ) နည်းပညာပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီအချက်အလက်များ
(င) ရင်းနှီးမြှုပ်နှံလိုသူများ၏ လုပ်ကိုင်မည့် လုပ်ငန်းအတွက်အတွေ့အကြုံ
(စ) ကုမ္ပဏီနှင့်ဆက်သွယ်ဆောင်ရွက်ရန်အတွက် Contact Person ၏အမည်၊ ရာထူး၊ လိပ်စာ၊ ဖုန်း၊ Email
(သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် ဖုန်း-၀၆၇-၄၀၈၆၇၅၊ ၀၆၇-၄၀၈၆၇၆)