THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News အမှတ်(၃၅)အကြီးစားစက်ရုံ(ချောက်)အား ပြည်တွင်း/ပြည်ပ ပုဂ္ဂလိက လုပ်ငန်းရှင်များ ၊ က...

အမှတ်(၃၅)အကြီးစားစက်ရုံ(ချောက်)အား ပြည်တွင်း/ပြည်ပ ပုဂ္ဂလိက လုပ်ငန်းရှင်များ ၊ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် EoI ခေါ်ယူခြင်း


Mon 26-12-2022 No.2 Heavy Industrial Enterprise

စက်မှုဝန်ကြီးဌာန
အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၏ အမှတ်(၃၅)အကြီးစားစက်ရုံ 
အား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် 
စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)

    စက်မှုဝန်ကြီးဌာန၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်းကြီးကြပ်မှုအောက်ရှိ အမှတ်(၃၅) အကြီးစားစက်ရုံသည် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ချောက်-စလေ ကားလမ်းမှ (၃) မိုင် အကွာတွင် တည်ရှိပါသည်။ လျှပ်စစ်ဓာတ်အားလိုင်းများတွင် အသုံးပြုသော ဗို့အားမြင့်ကြွေသီးနှင့် ဗို့အားနိမ့်ကြွေသီးအမျိုးမျိုးတို့အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော စက်ရုံဖြစ်ပြီး၊ ပြည်တွင်းပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်သွားရန် အစီအစဉ်ရှိပါသည်။ 
    စိတ်ပါဝင်စားသည့် ကုမ္ပဏီများသည် စိတ်ဝင်စားမှုဖော်ပြခြင်း လျှောက်လွှာ (Expression of Interest – EOI) အား စက်မှုဝန်ကြီးဌာန၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း၊ နည်းပညာဖွံ့ဖြိုးရေးဌာန၊ ရုံးအမှတ် (၄၁)၊ နေပြည်တော်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ လိပ်မူလျက် ၂၀၂၃ ခုနှစ်၊  ဇန်နဝါရီလ၊ ( ၂၆ ) ရက်နေ့ ညနေ (၀၃:၀၀) နာရီ (မြန်မာစံတော်ချိန်) အရောက်ပေးပို့ရမည်ဖြစ်ပါသည်။ စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ၊ EoI ပုံစံလမ်းညွှန်ချက်များနှင့် အခြားသက်ဆိုင်သည့် စာရွက်စာတမ်းများအား မိမိတို့၏ကုမ္ပဏီဆိုင်ရာ အထောက်အထားများ  ယူဆောင်ပြသလျက် အထက်ပါလိပ်စာတွင် (၂၇.၁၂.၂၀၂၂) ရက်နေ့မှစ၍ လာရောက်ထုတ်ယူနိုင်ပါသည်။ 
တင်ပြရမည့်ကုမ္ပဏီဆိုင်ရာအထောက်အထားများ
        (က)    လုပ်ငန်းဆောင်ရွက်ရန် စိတ်ပါဝင်စားကြောင်းကို တိကျသေချာစွာ ဖော်ပြထားသည့် အကြောင်းကြားစာ၊
        ( ခ )    သက်တမ်းရှိကုမ္ပဏီ မှတ်ပုံတင်လက်မှတ် (Form VI, Form XXVI အပါအဝင်)၊
        ( ဂ )    နည်းပညာပူးပေါင်းဆောင်ရွက်မည့် နိုင်ငံခြားကုမ္ပဏီအချက်အလက်များ(ရှိလျှင်)
        (ဃ)    ရင်းနှီးမြှုပ်နှံလိုသူ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအတွေ့အကြုံ၊
        ( င )    ကုမ္ပဏီနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် Contact Person ၏ အမည်၊ 
                  ရာထူး၊ လိပ်စာ၊ ဖုန်းနံပါတ်နှင့် email လိပ်စာ၊
                  (အသေးစိတ်သိရှိလိုပါက ဖုန်း- ၀၆၇-၃၄၀၈၆၇၈ ၊ ၀၆၇-၃၄၀၈၆၇၉)


Top