THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News အမှတ်(၂၁)အကြီးစားစက်ရုံ(တာယာစက်ရုံ-သထုံ) PUBLIC PRIVATE PARTNERSHIP (PPP) အတွက်...

အမှတ်(၂၁)အကြီးစားစက်ရုံ(တာယာစက်ရုံ-သထုံ) PUBLIC PRIVATE PARTNERSHIP (PPP) အတွက် စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာ (EXPRESSION OF INTEREST-EOI) ၁ လ သက်တမ်းတိုးခေါ်ယူခြင်း


Wed 18-01-2023 No.2 Heavy Industrial Enterprise

စက်မှုဝန်ကြီးဌာန
အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
အမှတ်(၂၁)အကြီးစားစက်ရုံ(တာယာစက်ရုံ-သထုံ)
Public Private Partnership (PPP) အတွက်
စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာ (Expression of Interest-EoI) ၁ လ သက်တမ်းတိုးခေါ်ယူခြင်း

၁။    မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သထုံ-ဘာအံမော်တော်ကားလမ်း၊ ကြာပန်းကျေးရွာအနီး၊ ရန်ကုန်မြို့မှ (၁၅၆)မိုင်အကွာတွင်တည်ရှိသည့် စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂၁)အကြီးစားစက်ရုံ(တာယာစက်ရုံ-သထုံ)ကို Czech နည်းပညာဖြင့်တည်ထောင်၍ ၁၉၈၅ခုနှစ်တွင် စတင်လည်ပတ်ခဲ့ပြီး ကျွတ်တပ်ဆင်အသုံးပြုရသော Bias Tyre များ ထုတ်လုပ်ခဲ့ပါသည်။ အဆိုပါတာယာစက်ရုံတွင် တာယာနှင့်ရာဘာပစ္စည်းထုတ်လုပ်မှုလုပ်ငန်းအပြင် အခြားစက်မှုထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းများအား ပြည်တွင်း/ပြည်ပမှ ပဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့် အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု(Public Private Partnership - PPP) ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် စိတ်ဝင်စားမှုဖော်ပြခြင်းဆိုပြုလွှာ (Expression of Interest- EoI) ခေါ်ယူသွားမည် ဖြစ်ပါသည်။
၂။    စိတ်ပါဝင်စားသည့် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသော ပြည်တွင်း/ပြည်ပကုမ္ပဏီများသည် ၎င်းတို့၏ စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာကို စီမံရေးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ ရုံးအမှတ်(၄၁)၊ နေပြည်တော်သို့ လိပ်မူ၍ (၁၀-၂-၂၀၂၃)ရက်နေ့၊ ညနေ(၃:၀၀)နာရီ (မြန်မာစံတော်ချိန်) အရောက်ပေးပို့တင်ပြရမည်ဖြစ်ပါသည်။
၃။    အဆိုပြုလွှာပုံစံနှင့် အခြားသက်ဆိုင်ရာစာရွက်စာတမ်းများကို ကုမ္ပဏီဆိုင်ရာအထောက်အထားများတင်ပြ၍ အထက်ပါလိပ်စာတွင် (၁၁-၁-၂၀၂၃) ရက်နေ့မှ စ၍ လာရောက်ထုတ်ယူနိုင်ပါသည်-


(သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် ဖုန်း-၀၆၇-၄၀၈၆၇၅၊ ၀၆၇-၄၀၈၆၇၆)


Top