စက်မှုဝန်ကြီးဌာန
မြန်မာ့ဆေးဝါးလုပ်ငန်း
စိတ်ဝင်စားမှုတင်ပြခြင်းလျှောက်လွှာခေါ်ယူခြင်း
(Expression of Interest Invitation)
၁။ မြန်မာ့ဆေးဝါးလုပ်ငန်း ဆေးဝါးစက်ရုံ(အင်ရောင်း)သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဟံမြင့်မိုရ်ရွာ အနောက် (၂)မိုင် (၅)ဖာလုံအကွာ အင်ရောင်းကျေးရွာအနီးတွင် တည်ရှိပြီး စက်ရုံရှိ တစ်ခါသုံးဆေးထိုးအပ်ထုတ်လုပ်ရေးဌာန (မြေ - ၁.၀၃ ဧက ပလက်ဖောင်းအပါ) တွင် "တစ်ခါသုံးဆေးထိုးအပ်အပါအဝင် Medical Device မျိုုးစုံ (Syringes, Infusion set , Medical Mask , N 95 Mask, Gown, Inspection Suit, etc;) အား Original Equipment Manufacturer (OEM) စနစ်ဖြင့် ဆောင်ရွက်ခြင်းနှင့် ဆေးဝါးနှင့်ဆိုင်သော အခြားစီးပွားရေးလုပ်ငန်းများအား အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း" တို့ကို ဆောင်ရွက်မည်ဖြစ်ပါ၍ ပုဂ္ဂလိကကဏ္ဍရင်းနှီးမြှုပ်နှံမှုအတွက် အစိုးရနှင့်ပုဂ္ဂလိက (PPP)ပူးပေါင်း ဆောင်ရွက်ရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest - EoI) နှင့် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ အဆိုပြုလွှာ (Request for Proposal - RFP) များ ဖြည့်သွင်းရမည်ဖြစ်ပြိး စက်ရုံဆိုင်ရာ အချက်အလက်များအား အဆိုပါ Form တွင် ဖော်ပြထားရှိပါမည်။
EoI, RFP စတင်ရောင်းချမည့် ရက်နှင့်အချိန် - ၁၃.၂.၂၀၂၃ (ရုံးချိန်အတွင်း)
EoI, RFP ပိတ်မည့် ရက်နှင့်အချိန် - ၁၃.၃.၂၀၂၃ (၁၆း၀၀ နာရီ)
လျှောက်လွှာပေးသွင်းရမည့်နေရာ - မြန်မာ့ဆေးဝါးလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၇) ၊ နေပြည်တော်။
၃။ အသေးစိတ်သိရှိလိုပါက ရုံးဖုန်း - ၀၆၇-၃၄၀၈၁၄၀ ၊ ၀၆၇-၃၄၀၈၃ ၊ Email - pfimoi2018@gmail.com, pfimoi@gmail.com သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
မြန်မာ့ဆေးဝါးလုပ်ငန်း