ဆေးဝါးအရောင်းကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ရန်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းကြီးကြပ်မှုအောက်ရှိ ဆေးဝါးစက်ရုံများမှ ထုတ်လုပ်သောဆေးဝါးများအား ဖြန့်ဖြူးရောင်းချပေးနိုင်ရန် ဆေးဝါးအရောင်းကိုယ်စားလှယ်အဖြစ် ဆောင်ရွက်လိုသူများ တင်ဒါပေးသွင်းနိုင်ပါသည်-
တင်ဒါပုံစံ စတင်ရောင်းချမည့်ရက် - ၁၇.၃.၂၀၂၃
တင်ဒါပိတ်မည့် ရက်နှင့်အချိန် - ၃၁.၃.၂၀၂၃ (၁၆း၀၀)နာရီ
၂။ အသေးစိတ်သိရှိလိုပါက မြန်မာ့ဆေးဝါးလုပ်ငန်း၊ ရုံးအမှတ် (၃၇) ၊ ၀၆၇-၃၄၀၈၃၇၇ နှင့် ၀၆၇-၃၄၀၈၃၈၁ တို့တွင် ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
ဥက္ကဋ္ဌ
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ